Saturday, June 29, 2013

ဂျပန်နိုင်ငံမှ ဖူဂျီတောင်အား ရှေးဟောင်း အမွေအနှစ် အဖြစ် UNESCO က သတ်မှတ်


ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးတွင် ဂျပန်နိုင်ငံရှိ ဖူဂျီတောင်ကို ရှေးဟောင်း ယဉ်ကျေးမှု   အမွေအနှစ် တစ်ခုအဖြစ် ယင်းအဖွဲ့ကြီးက   ဇွန် ၂၁ ရက်တွင် မှတ်တမ်း တင်ခဲ့သည်ဟု သိရသည်။
ဖူဂျီတောင်သည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် (၁၇) ကြိမ်မြောက် မှတ်တမ်း တင်ခံရသည့် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်သည်။ ယင်းကဲ့သို့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ဖူဂျီတောင်ကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် ကမ္ပည်းမှတ်တမ်း တင်ခံရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စော့ခ်အန်က အစည်းအဝေး ကျင်းပစဉ်အတွင်း ပြောကြားခဲ့သည်။
ယာမာနာရှီနှင့် ရှီဇူအိုကာ စီရင်စုရှိ ဖူဂျီတောင်သည် ၃၇၇၆ မီတာ အမြင့်ရှိပြီး မြေဧရိယာ ၇ဝဝဝဝ ဟက်တာ အကျယ်အဝန်း ရှိကြောင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ကော်မတီမှ အကြံပေး ပုဂ္ဂိုလ်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ကော်မတီ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဖနောင်ပင်မြို့တွင် ကျင်းပလျက် ရှိပြီး ဇွန် ၂၇ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...