Saturday, June 29, 2013

၁၅၈ မီတာအမြင့်ရှိ မိုးမျှော်တိုက် နှစ်တိုက်အကြား ကြိုးတန်းပေါ် လမ်းလျှောက်၍ သြစတြီးယား အမျိုးသားတစ်ဦး စံချိန်သစ် တင်နိုင်ရန် ကြိုးပမ်းခဲ့


ဘာလင်  မေ    ၂၇
သြစတြီးယား နိုင်ငံမှ ရိန်းဟာ့ဒ် ကလိန်းဒယ်လ်ဆိုသူ အမျိုးသား တစ်ဦးသည် ၁၅၈ မီတာအမြင့်ရှိ မိုးမျှော်တိုက် နှစ်ခုကို ကြိုးဖြင့် ချိတ်ဆက်ပြီး ၎င်းကြိုး ပေါ်မှ လမ်းလျှောက်ပြကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ကလိန်းဒယ်လ်သည် ဂျာမနီနိုင်ငံ ဖရန်ဖာ့ထ်မြို့၌ ပုံသဏ္ဌာန်ရှိ မိုးမျှော်တိုက် နှစ်ခုကို  ပေ ၃ဝ မီတာအရှည်ရှိ ပေါ်လီ အက်စတာကြိုးဖြင့် ချိတ်ဆက်ကာ သူ၏လက်ကိုသာ ဟန်ချက်ညီအောင် အသုံးပြု၍ လမ်းလျှောက် ပြခဲ့ရာ ရာပေါင်းများစွာသော ပရိသတ်များက အောက်မှနေ၍ အားပေးကြည့် ရှုခဲ့ကြသည်။

မိမိသည် အမြင့် ကြောက်တတ်သူ ဖြစ်ကြောင်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ယခင်က စဉ်းစားထားသည်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည် ဟု ကြိုးပေါ်မှ လမ်းလျှောက် ပြသပြီးသည့် နောက်တွင် ကလိန်းဒယ်လ်က ဝန်ခံ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြင်သစ်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့သည် မြေပြင်မှ မီတာ၁၂ဝ အမြင့်ရှိ Les Mercuriales နှစ်မြွှာ တိုက်နှစ်ခုအကြား လမ်းလျှောက်ပြ၍ ဂင်းနစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
သို့ရာတွင် ကလိန်းဒယ်လ် ၏ကြိုးပမ်းမှုသည် စံချိန်သစ် တင်နိုင်ခြင်းရှိ၊ မရှိ သက်ဆိုင်ရာ  အဖွဲ့အစည်းများက ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...