Saturday, June 29, 2013

ဖိလစ်ပိုင် နိုင်ငံမှ ကမ္ဘာ့ စံချိန်တင် မီးအိမ် လွှတ်ပွဲကြီး


မနီလာ   မေ    ၂၇
ဖိလစ်ပိုင်နိုင်ငံ မီအာအိုမြို့တွင် မေ၂၄ ရက် ညနေက ကောင်းကင်သို့ လက်ဆွဲ မီးအိမ် ထောင်ပေါင်းများစွာကို လွှတ်တင်၍ ကမ္ဘာ့ ဂင်းနစ်စံချိန် တင်ခဲ့ကြောင်း သိရသည်။
Visayas တက္ကသိုလ်တွင် ပြုလုပ်သော   အဆိုပါ မီးအိမ် လွှတ်တင်မှုသည် "World Peace through Inner Peace" တောင်းဆိုမှု တစ်ရပ်အတွက် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လက်ဆွဲမီးအိမ် လွှတ်တင်မှုကို    ထိုင်းနှင့်ဖိလစ်ပိုင် နိုင်ငံသားများက ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။
ပါဝင်ဆောင်ရွက်သူ ထောင်ပေါင်း များစွာသည် UP-Visayas (UPV) တက္ကသိုလ် ဘောလုံးကွင်းမှ နေ၍ လက်ဆွဲ မီးအိမ်ပေါင်း ၁၅၁၈၅ ခုကို လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်း အဖွဲ့မှ တာဝန်ရှိသူ ကိုယ်စားလှယ်များနှင့် အကဲဖြတ် ဒိုင်လူကြီး ဆေးဒါဆူ ဘာဆီဂီမီဆီက ပြောကြားသည်။
ယခု တင်နိုင်ခဲ့သည့်  ကမ္ဘာ့စံချိန်သည် ရိုမေးနီးယား နိုင်ငံသားများက ၂ဝ၁၂ ခုနှစ်  ဇွန်လက လက်ဆွဲမီးအိမ် ၁၂၇၄ဝ လွှတ်တင်ခဲ့သည့် စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...