Saturday, June 29, 2013

ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကျမ်းစာတစ်စောင်ကို အီတလီ တက္ကသိုလ်၌ တွေ့ရှိ


ရောမ မေ    ၂၉
အီတလီနိုင်ငံ ဘိုလော့ဂ်နာ တက္ကသိုလ်၌ တွေ့ရှိခဲ့သော Torah အမည်ရှိ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကျမ်းစာသည် ဂျူးဘာသာ၏ အရေးကြီးဆုံး ကျမ်းစာ ဖြစ်နိုင်ခြေရှိကြောင်း ၎င်းတက္ကသိုလ်မှ ပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်တွင် ၁၈၈၉ ခုနှစ်က စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လီယိုနယ်လို မိုဒိုနာသည် ယင်းကျမ်းစာကို စစ်ဆေးခဲ့ပြီးနောက် ၁၇ရာစုနှစ်က ရေးသား ပြုစုထားခြင်း အဖြစ် မှားယွင်းစွာ သတ်မှတ်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် တက္ကသိုလ် အာဏာပိုင်များက ယင်းကျမ်းစာကို ကာဗွန်ဖြင့် သက်တမ်း ရှာဖွေခဲ့ရာ ၎င်းကျမ်းစာသည် နှစ်ပေါင်း ၈၅ဝ ကျော်ခန့်က ရေးသား ပြုစုထားသည့် ကျမ်းစာ ဖြစ်နိုင်ကြောင်းနှင့် ၎င်းကို တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်တစ်ခု အဖြစ် ဆက်လက် ထိန်းသိမ်းသွားရန်  ဆောင်ရွက်သွားမည်ဟု  ဟီးဘရူး တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ မာရူယို ပီရာနီက ပြောကြားခဲ့သည်။ ထို့ပြင် ပီရာနီသည် ယင်းကျမ်းစာကို မကြာသေးမီက ပြန်လည် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အရှေ့တိုင်း ဘေဘီလုံ လူမျိုးများ၏ ရိုးရာကို မှီငြမ်းထားသော ကျမ်းစာဟု ယူဆရကြောင်း ၎င်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...