Saturday, June 29, 2013

ရှေးအီဂျစ် လူမျိုးများ ဝတ်ဆင်ခဲ့သော သံလည်ဆွဲ များသည် နှစ်ပေါင်း ၅ဝဝဝ သက်တမ်းရှိ ဥက္ကာခဲများ ဖြစ်နေ




ကိုင်ရို   မေ   ၃၁
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ပိုင်း မှ ၇ဝ ကီလိုမီတာအကွာရှိ ဂါဇက် သင်္ချိုင်းတွင် ၁၉၁၁ ခုနှစ်အတွင်း သိပ္ပံ ပညာရှင်များက တူးဖော်တွေ့ ရှိခဲ့သော သံလည်ဆွဲ များသည် နှစ် ပေါင်း ၅ဝဝဝ ခန့်  သက်တမ်းရှိသော ဥက္ကာခဲများမှ ပြုလုပ် ထားခြင်း ဖြစ်ကြောင်းကို တွေ့ရှိခဲ့ ကြသည်ဟု   အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
၁၉၁၁ ခုနှစ်က တူးဖော် တွေ့ရှိခဲ့ သည့် အဆိုပါ သံလည်ဆွဲ များသည် သက်တမ်းအားဖြင့် ဘီစီ ၃၃၅ဝ မှ ၃၆ဝဝ ကြားတွင် ရှိကြောင်း သုတေသီ များ အနေဖြင့် ယခင်က ယူဆခဲ့ကြပြီး ၎င်းလည်ဆွဲများ၏ သက်တမ်း အတိအကျကို ဖော်ထုတ်နိုင်ရန် အခက်အခဲ များစွာ ကြုံတွေ့ ခဲ့ရသည်ဟု သိရသည်။  အဘယ့်ကြောင့် ဆိုသော် သံလည်ဆွဲ များ၏ သက်တမ်းမှာ အီဂျစ် နိုင်ငံ၏ သံခေတ်ထက် နှစ်ပေါင်းများစွာ သက်တမ်း ရင့်နေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ၎င်းသံလည်ဆွဲ များကို မည်သည့် အရာဖြင့်  ပြုလုပ်ခဲ့သည် ဟူသော  အချက်ကို ဖော်ထုတ်နိုင်ရန် ဗြိတိန်နိုင်ငံ  မေးလ်တန်ကင်း အိုးပင်း တက္ကသိုလ်မှ ဥက္ကာခဲ ဆိုင်ရာ သိပ္ပံ ပညာရှင် ဒိုင်ယာနီ ဂျွန်ဆန်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက် များသည် ပြတိုက်တွင် ထားရှိသော သံလည်ဆွဲများကို ငှားရမ်း၍ ခွဲခြား လေ့လာမှု များကို အဆင့်ဆင့် ပြုလုပ် ခဲ့ကြသည်။
လေ့လာ ဆန်းစစ်မှုများကို အဆင့်ဆင့် ပြုလုပ် ပြီးနောက်တွင် ၎င်းလည်ဆွဲ များသည် ဥက္ကာခဲမှ ပြုလုပ်ထားခြင်း ဖြစ်ကြောင်းကို အတည်ပြု ပြောကြား နိုင် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းသတင်း၏ ဖော်ပြချက် အရ သိရသည်။



No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...