Saturday, June 29, 2013

အရွယ်နှင့် မမျှအောင် သန်စွမ်း၍ ဂင်းနစ် မှတ်တမ်း တင်ခံရသည့် အသက် ၉၁ နှစ်အရွယ် အလေးမ အားကစား သမားကြီး


ဖီးနစ်   ဇွန်   ၁၆
အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှ အသက် ၉၁ နှစ်အရွယ်ရှိ ဆီပဲလီစ်ဆိုသူ အမျိုးသားကြီးသည် အရွယ်နှင့် မမျှအောင် အလေးချိန် ၁၈၇ ဒသမ ၂ ပေါင်ရှိ အလေးမတုံးကို မပြ၍ ဂင်းနစ်စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။
ပဲလီစ်သည် ၂ဝဝ၅ ခုနှစ်မှ စ၍ ဖီးနစ်မြို့တွင် ကျင်းပသည့် အမျိုးသားအား ကစားပြိုင်ပွဲ၌ အလေးချိန် ၁၃၅ ပေါင်ရှိ  အလေးမတုံးကို  မပြနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အသက် ၉ဝ ပတ်ဝန်းကျင် အရွယ်ရှိ ပြိုင်ပွဲဝင်သူ စာရင်း၌ ၎င်းတစ်ဦးတည်းသာ ပါဝင်ကြောင်း ပြိုင်ပွဲမှ တာဝန်ရှိသူများက ပြောကြားသည်။

ပဲလီစ်သည်  အံ့သြဖွယ်ကောင်း လောက်အောင် သန်စွမ်းကျန်းမာသူ ဖြစ်ကြောင်း၊ အသက် ၇ဝ နောက်ပိုင်း ကတည်းက အားကစားကို တစိုက်မတ်မတ် လုပ်ဆောင် ခဲ့ပုံရပြီး သန်စွမ်းကြံ့ခိုင်သော ကိုယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း ကမ္ဘာ့ အလေးမအဖွဲ့ အစည်းမှ ဥက္ကဋ္ဌGus Rethwisch က ပြောကြားခဲ့သည်။
၎င်းသည် ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၁ခုနှစ်များတွင်လည်း ကမ္ဘာ့အသိ အမှတ်ပြုဆုများကို လက်ခံရရှိခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...