Saturday, June 29, 2013

ကြောင်လိမ် လှေကားသဖွယ် ဖန်တီးထားသည့် ကမ္ဘာအမြင့်ဆုံး ကေယမ် မျှော်စင်အား ယူအေအီး၌ ဖွင့်လှစ်


ဒူဘိုင်း   ဇွန်   ၁၃
နှစ်ပေါင်းများစွာ ကြာအောင် အံ့ချီးဖွယ် တိတ်ဆိတ်နေခဲ့သော ကြောင်လိမ်လှေကား သဏ္ဌာန်ရှိ ဒူဘိုင်းမာရီနာ မျှော်စင်ကို ယခု သီတင်းပတ် အတွင်းက နာမည်သစ် တစ်မျိုးဖြင့် ကြီးမားသော
မီးရှူးမီးပန်း များ ဖောက်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နှစ်ပေါင်း ခုနစ်နှစ်ကြာ တည်ဆောက်ခဲ့သော ၎င်းအဆောက်အအုံကို ရှေးယခင်က အဆုံးမရှိ မျှော်စင်ဟု ခေါ်ဆိုခဲ့ ကြသော်လည်း ယခုအခါ ကေယမ်မျှော်စင်ဟု အမည်သစ် ပေးထားသည်။၎င်း မျှော်စင်ကြီး၏ ခမ်းနားထည်ဝါမှုသည် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ မျှော်စင်အား  တယုတယ မွမ်းမံ ဖန်တီးထားခြင်း ဖြစ်ကြောင်း ကေယမ်မျှော်စင် တည်ဆောက်ရေး အဖွဲ့မှ ဥက္ကဋ္ဌ အာမက်အယ်ဟတ်တီက ပြောကြားထားသည်။
အဆိုပါ မျှော်စင်ကို  အမည်သစ် ပေးရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်နှစ်ခု ရှိထားပြီး ဖြစ်သောကြောင့် မဟာ ဗျူဟာမြောက် နည်းလမ်းတစ်ခုအဖြစ် အမည် ပြောင်းပေးခဲ့ခြင်းသာ ဖြစ်ကြောင်း အာမက်အယ် ဟတ်တီက ပြောကြားထားသည်။ ကမ္ဘာပေါ်တွင် အဆုံးမရှိ မြင့်မားသော မျှော်စင်များ တစ်ခုထက်မက ရှိသော်လည်း မိမိတို့ မျှော်စင်နှင့် တူသော မျှော်စင်မျိုးရှိမည် မဟုတ်ဟု ယုံကြည်ကြောင်း၊ ယင်းမျှော်စင်သစ်သည် တစ်ခုတည်းသော အတုမရှိ မျှော်စင်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။ အဆိုပါ မျှော်စင်သည် မြေပြင်မှ ခရုပတ်ပုံ ၉ဝ ဒီဂရီ လိမ်တက်သွားပြီး အမြင့်မှာ ၃၁ဝ မီတာရှိကြောင်း၊ ၎င်းအဆောက်အအုံ၏ ၈ဝ ရာခိုင်နှုန်းကို ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...