Thursday, March 2, 2017

ဂရန့်ကင်ညွန်ချောက်ကမ်းပါးကြီး

Grand Canyon ချောက်ကမ်းပါးကြီး သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်
တည်ရှိပြီး ကော်လိုရာဒိုမြစ်၏ ဖြတ်သန်းစီးဆင်းပြီး ရေတိုက်စားမှုကြောင့်ဖြစ်ပေါ်
လာတာပါ။ CNN မှပြုစုသော သဘာဝကမ္ဘာ့အံ့ဖွယ်ထဲမှာ တစ်ခုအပါအ၀င်ပါ။
သဘာဝကမ္ဘာ့အံ့ဖွယ် ဆိုတဲ့အတိုင်းပဲ သဘာဝအတိုင်းရေတိုက်စားမှုကြောင့်
မြင့်မားတဲ့ချောက်ကမ်းပါးတွေကို တွေ့မြင်ရပါတယ်။

ဒီချောက်ကမ်းပါးကြီးဟာ 277 မိုင် (446 km) ရှည်လျားပြီး 18 မိုင် (29 km)အထိ
ကျယ်ပါတယ်။ ဒီချောက်ကမ်းပါး၏ အမြင့်ဆုံးအပိုင်းက 6,000 ပေ or 1,800 metres
ပေအထိနက်ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ဖြစ်တည်လာတဲ့
ဒီနေရာဒေသမှာ မူလက ဋ္ဌာနေအမေရိကန်တိုင်းရင်းသားများသာ သိရှိနေထိုင်ခဲ့ကြ
ပါတယ်။ ဥရောပမှ အစောဆုံးသိရှိရောက်ရှိလာသူကတော့ စပိန်လူမျိုး
García López de Cárdenas ဖြစ်ပြီး ၁၅၄၀ တွင်ရောက်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၏ ၁၅ ခုမြောက် အမျိုးသားသဘာဝဥယျာဉ်အဖြစ် သတ်မှတ်ထားခဲ့
ပါတယ်။
ဒီဒေသကိုစောင့်ရှောက်ထိမ်းသိမ်းဖို့ကို သမ္မတသီအိုဒိုးရုစဗဲ့ ကိုယ်တိုင်
တိုက်တွန်းလုပ်ဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အမဲလိုက်ရန်နှင့် အပန်းဖြေရန်အတွက်
ဒီဒေသကို အကြိမ်များစွာ လာရောက်တက်ပါတယ်။

ဒီချောက်ကမ်းပါးကြီး၏ အလှကို ဆက်လက်ကြည့်ရှုကြပါအုံးနော်...


( Grand Canyon ချောက်ကမ်းပါးကြီးကို အာကာသမှ မြင်ရပုံ )
ဒီချောက်ကမ်းပါးကြီးသည် ကမ္ဘာ့အရှည်ဆုံး ချောက်ကမ်းပါးကြီးဟုလည်း ဆိုကြပါသည်။










( Grand Canyon ချောက်ကမ်းပါးကြီး မှ ရေတံခွန် )
( Grand Canyon ချောက်ကမ်းပါးကြီးကို ဆောင်းတွင်းဘက် မြင်ရပုံ )

ဒါကတော့ကမ္ဘာကျော် ရှုခင်းကြည့်လျှောက်လမ်းပါ။ဒီလျှောက်လမ်းအကြောင်းနှင့်
ပုံများကို ဒီဆိုဒ်မှာ တင်ပေးဖူးပါတယ်။
( Grand Canyon ချောက်ကမ်းပါးကြီး ဘူမိအချက်အလက်များ )
( Grand Canyon ချောက်ကမ်းပါးကြီး တည်နေရာပြ မြေပုံ ) 
Jul 18, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...