ယခုတင်ပြပေးချင်တာက ကမ္ဘာမြေကြီး၏ အောက်မှာ ရှိတဲ့ လှပလှတဲ့
ရေတံခွန်တွေ အကြောင်းပဲဖြစ်ပါသည်။ Underground Waterfalls လို့ခေါ်တွင်
ကြတဲ့ ဒီရေတံခွန်တွေဟာ တကယ်တော့ မြေအောက်လှိုဏ်ဂူတွေထဲမှာ
တည်ရှိကြတာဖြစ်ပါသည်။ ကမ္ဘာမြေအောက် ကျောက်လွှာတစ်ခုမှတစ်ခုကြား
တည်ရှိနေတဲ့ သဘာဝစမ်းချောင်းများ စီးဆင်းရာမှ ဖြစ်ပေါ်လာကြတာဖြစ်ပြီး
တစ်ချို့ကတော့ အပြင်မှ မြစ်ချောင်းများမှ လှိုဏ်ဂူအတွင်း စီးဝင်ရင်း ဖြစ်ပေါ်လာကြခြင်းပါ။
နေခရမ်းဆိုဒ်၏ထုံးစံအတိုင်း ထူးခြားလှပသော မြေအောက်ရေတံခွန် ၁၀ ခုကို
စုစည်းတင်ပြပေးပါ့မည်။ အားပေးကြပါအုံးနော်…
၁ ။ Waiahuakua Sea Cave, Hawaii, USA
Waiahuaku ဟု သိကြတဲ့ ဒီရေတံခွန်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဟာဝိုင်အီ ကျွန်းမှာ
တည်ရှိပါတယ်။ ဒီရေတံခွန်တည်ရှိရာ လှိုဏ်ဂူဟာ ကမ္ဘာဒုတိယအရှည်ဆုံး ပင်လယ်
လှိုဏ်ဂူ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် လှိုဏ်ဂူဟုလည်းခေါ်ကြပါတယ်။လှိုဏ်ဂူဟာ
၁၁၅၅ ပေ ရှည်ပါတယ်။