(၁) မှ (၂၅) အထိ တင်ပြပေးချင်ပါသည်။ အခုဒီစာရင်းသည် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့်
ခရီးသွားများ၏ အမှတ်ပေး စစ်တမ်းကောက်ယူထားသော စာရင်းပါ။ ထိုသို့စာရင်းကောက်ယူ
အမှတ်ပေးမှုကို Tripadvisor.com ၀က်ဆိုက်မှ နှစ်စဉ်တင်ပြပေးလေ့ရှိပြီး ထိုစာရင်းကို
ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည်များ နှင့် သတင်းဌာနများမှလည်း အလေးဂရုပြု၊
အသိအမှတ်ပြုလေ့ရှိကြပါသည်။ယခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းတွင်
မြန်မာနိုင်ငံမှ ငပလီကမ်းခြေပါဝင်လာပြီး အဆင့် (၈) သတ်မှတ်ခံရပါသည်။ Top Ten အတွင်း
သို့ အာရှမှ ငပလီကမ်းခြေနှင့် ဖိလစ်ပိုင်ကမ်းခြေ (အဆင့် ၁၀ ) တို့သာ ပါဝင်ပါသည်။
(၁) မှ (၂၅ ) အထိ ကြည့်လိုက်ကြရအောင်နော်…
(၁) Grace Bay – Providenciales ,Turks and Caicos

Turks and Caicos မှ Grace Bay ကမ်းခြေသည် နံပါတ် ၁ သတ်မှတ်ခံရသလို
ကမ္ဘာကျော်ပင်လယ်ကမ်းခြေတစ်ခုဖြစ်ပါသည်။ ကြည်လင်ပြီး သန့်ရှင်းတဲ့ ရေများနှင့်
ပြည့်စုံသလို ဒီကမ်းခြေ၏ အခြာအားသာချက်တစ်ခုမှာ သကြားကဲ့သို့ အဖြူရောင် သဲသောင်ပြင်
တည်ရှိပါသည်။
(၂) Baia de Sancho - Brazil

ဘရာဇီးနိုင်ငံမှ လှပသော ကမ္ဘာကျော် ကမ်းခြေတစ်ခုပါ။
(၃) Playa Paraiso — Cuba

ကျူးဘားနိုင်ငံမှာတည်ရှိပါသည်။ ကမ္ဘာလှည့်ခရီးသည် တစ်ချို့ကတော့
တူနှစ်ကိုယ် ဟန်းနီးမွန်းခရီးသွားဖို့အတွက် အလွန်ကို ရိုမန်တစ်ဆန်သော ကမ်းခြေ တစ်ခုလို့
ညွှန်းကြပါသည်။
(၄) Anse Lazio — Praslin Island, Seychelles

ဒီကမ်းခြေကိုလည်း ကြည်လင်သော ရေပြင်၊ နွေးသောလှိုင်းလုံးများနှင့်ပေါင်ဒါမှုန့်လို နူးညံ့သော
သဲပြင်နှင့် လှပသော ညနေခင်းနေရောင် တို့အကြောင်းကို ညွှန်းဆိုလေ့ရှိကြပါသည်။
ဒီကမ်းခြေကို လာရောက်လည်ပတ်ကြသူများသည် ညနေခင်း နေ၀င်ဆည်းဆာအလှကို
ဓာတ်ပုံရိုက်ခြင်း ၊ အလှကြည့်ခြင်းမျိုးကို မဖြစ်မနေလုပ်လေ့ရှိကြပါသည်။
(၅) Cayo de Agua - Venezuela

ဗင်နီဇွဲလားနိုင်ငံတွင် တည်ရှိပါသည်။ သူလည်းအဖြူရောင် သဲသောင်ပြင် ၊ အပြာရောင်
ပင်လယ်ရေပြင်တို့နှင့်အတူ လှပသော ကမ်းခြေတစ်ခုပါ။
(၆) Flamenco Beach - Culebra, Puerto Rico

(၇) Playa de Ses Illetes - Formentera, Spain

(၈) Ngapali Beach - Myanmar

မြန်မာနိုင်ငံ၏ သက်တမ်းရင့် ပင်လယ်ကမ်းခြေတစ်ခုပါ။ မြန်မာနိုင်ငံသည်
ပင်လယ်ပြင်နှင့်ထိစပ်နေသော ကုန်းမြေအများအပြားပိုင်ဆိုင်မှု ရှိနေပြီး လှပသော ကမ်းခြေများလည်း
ပေါများပါသည်။ ငပလီ ကမ်းခြေသည်လည်း မြန်မာပြည်၏ အနောက်ဘက်ပိုင်း ၊ ရခိုင်ပြည်နယ်
တွင် တည်ရှိနေပြီး သဘာဝအလှအပများ ပေါများစွာတည်ရှိနေသော ကမ်းခြေတစ်ခုပါ။

အနောက်ဘက်သို့မျက်နှာမူထားသဖြင့် လှပသော နေ၀င်ချိန် ဆည်ဆာအလှကို ခံစား ကြည့်ရှု့နိုင်သလို
ပင်လယ်စာ အစားအစာ များကို ပေါများ လက်ဆပ်စွာ ရရှိသုံးဆောင်နိုင်သော ကမ်းခြေတစ်ခု
ဖြစ်သဖြင့် ကမ္ဘာလှည့် ခရီးသွားများ၏ အထူးကြိုက်နှစ်သက်မှုကို ရရှိစေပါသည်။
(၉) West Bay Beach - Bay Islands, Honduras

ဟွန်ဒူးရပ် နိုင်ငံမှာ တည်ရှိပြီး အဖြူရောင် သဲသောင်ပြင်နှင့် လှပသော ကမ်းခြေတစ်ခုပါ။
(၁၀) Nacpan Beach - El Nido, Philippines

ဖိလစ်ပိုင်နိုင်ငံမှာ တည်ရှိပါသည်။
(၁၁) Maho Beach - Cruz Bay, St. John

(၁၂) Whitehaven Beach – Whitsunday Islands

(၁၃) Sharm El Luli - Marsa Alam, Egypt

(၁၄) Elafonissi Beach - Elafonissi, Greece

(၁၅) Playa Manuel Antonio - Manuel Antonio National Park, Costa Rica

(၁၆) The Baths - Virgin Gorda, British Virgin Island

(၁၇) Camp's Bay Beach - Camps Bay, South Africa

(၁၈) Praia da Marinha - Carvoeiro, Portugal

(၁၉) Kata Noi Beach - Karon, Thailand

(၂၀) Clearwater Beach - Clearwater, Florida

(၂၁) Playa Paraiso - Tulum, Mexico

(၂၂) Agonda Beach - Agonda, India

(၂၃) Horseshoe Bay Beach - Southampton Parish, Bermuda

(၂၄) Tumon Beach - Tumon, Mariana Islands

(၂၅) Praia de Santa Maria - Santa Maria, Cape Verde

Tripadvisor.com မှ ရရှိသော အချက်အလက်များကို တင်ပြပေးလိုက်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ
………………. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။