သို့သော် အမှတ်စဉ် (၁) ၊ (၂) ၊ (၅) နှင့် (၆) ကဲ့သို့ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်မှုရှိသော
ကုန်းတွင်းပိုင်း နိုင်ငံများလည်းပါဝင်နေပါသည်။
နေခရမ်းမှ (၁)မှ (၁၀) အထိစုစည်းပေးလိုက်ပါသည်။
(၁) Vatican - 0.44 km²

တကယ်တော့ ဗာတီကန်စီးတီး နိုင်ငံဆိုတာ ဧရိယာပမာဏသေးငယ်သော အီတလီနိုင်ငံ ၊
ရောမမြို့လယ်က ကုန်းတွင်းပိတ် နေရာလေးတစ်ခုပါ။ အီတလီနိုင်ငံ၏ ပိုင်နက်အတွင်း
တည်ရှိနေသော်လည်း ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အုပ်ချုပ်နေသော ဘာသာရေးဆိုင်ရာ
သာသနာ့နယ်မြေ နိုင်ငံတစ်ခုဖြစ်ပါသည်။ ရိုမန်ကက်တလစ်ခရစ်ယာန်ဘာသာ၏ အထွတ်အထိပ်
ပုပ်ရဟန်းမင်းအုပ်ချုပ်ရာ နိုင်ငံတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန် ဘုရားကျောင်းကြီး
တည်ရှိရာနေရာပါ။ နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး ဧက ၁၁၀ အကျယ်အဝန်း၊
(0.44 km2 )ရှိပြီး (၂၀၁၁ ဇူလှိုင်လ စစ်တမ်းအရ) လူဦးရေ ၈၃၀ ကျော်သာ ရှိသော နိုင်ငံဖြစ်ပါသည်။
အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့်
ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။

ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊
ငွေကြေးနှင့် တံဆိပ်ခေါင်းလုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ
အဝင်အထွက်ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
(၂) Monaco - 2 km²

ကမ္ဘာ့ဒုတိယ အသေးဆုံးနိုင်ငံဖြစ်သည့် မိုနာကို နိုင်ငံသည်လည်း ပြင်သစ်နိုင်ငံနှင့်
ပတ်သက်နေသော နိုင်ငံငယ်လေးတစ်ခုပါ။ ပြင်သစ်နိုင်ငံအတွင်း တည်ရှိနေသော်လည်း
ကိုယ်ပိုင်အုပ်ချုပ်ဥပဒေပြုခွင့်များရှိသည့် နိုင်ငံတစ်ခုပါ။သို့သော် အခြားအရာတော်တော်များများ
ကတော့ ပြင်သစ်နိုင်ငံနှင့် ဆက်သွယ် ပေါင်းကူးနေရပါသည်။ နိုင်ငံ၏ မျက်နှာသုံးဘက်သည်
ပြင်သစ်နိုင်ငံနှင့် ထိစပ်နေပြီး ကျန်သည့် တစ်ဘက်ကတော့ Mediterranean ပင်လယ်နှင့်ထိစပ်နေပါသည်။
ထို့ကြောင့်ပင် ပင်လယ်ကမ်းရိုးတန်း ရှိသော ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ တစ်ခုအဖြစ် မှတ်တမ်း
ဝင်ပါသည်။ အကျယ်အ၀န်းအားဖြင့် ( 2 km2 ) သာရှိပြီး လူဦးရေ ၃၆၀၀၀ ကျော်ရှိကာ
ကမ္ဘာ့လူဦးရေအသိပ်သည်းဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။

ပြင်သစ်ဘာသာစကားကိုသာအများဆုံးပြောကြပါသည်။
မိုနာကိုဘောလုံးအသင်းကြောင့်လည်းလူပိုသိသော်လည်း ကိုယ်ပိုင်နိုင်ငံတစ်ခု စာရင်းဝင်ကြောင်းတော့
သိပ်မသိကြပါ။
(၃) Nauru - 21 km²

Australia နိုင်ငံ၏ အရှေ့တောင်ဘက် တွင်တည်ရှိသော ကျွန်းနိုင်ငံငယ်လေးတစ်ခုပါ။
ကမ္ဘာ့အသေးငယ်ဆုံး ကျွန်းနိုင်ငံ အဖြစ်မှတ်တမ်းဝင်သလို အခြားထူးခြားသော
မှတ်တမ်းတစ်ခုလည်းရှိပါသည်။

ထိုသည်မှာ အလွန်ဝဖြိုးသော လူများနေထိုင်ရာ နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်ပြီး
လူသိလည်းများပါသည်။ ၉၇% သော အမျိုးသားများ နှင့် ၉၃% သောအမျိုးသမီးများသည်
ဝဖြိုးသော သူများ ဖြစ်နေကြပါသည်။ အကျယ်အ၀န်းအားဖြင့် ( 21 km2 ) ရှိပါသည်။
(၄) Tuvalu - 26 km²

လှပသောကျွန်းစုများနှင့် ဖွဲ့စည်းထားသော Tuvalu နိုင်ငံလေးသည် ပစိဖိတ်သမုဒ္ဒရာအတွင်းတည်ရှိပြီး
Australia နိုင်ငံ၏ အနောက်ဘက် တွင်တည်ရှိပါသည်။ ( 26 km2 ) ကျယ်ဝန်းပါသည်။

ကမ္ဘာ့လှည့်ခရီးသွားများသွားရောက်အပန်းဖြေရာ ကျွန်းနိုင်ငံ တစ်ခုဖြစ်ပါသည်။
(၅) San Marino - 61 km²

ဒီနိုင်ငံငယ်လေးသည်လည်း အီတလီနိုင်ငံ အတွင်းတွင်တည်ရှိသော နိုင်ငံတစ်ခုအဖြစ်
သတ်မှတ်ကြသော နေရာတစ်ခုပါ။ အကျယ်အ၀န်းရှိပြီး လူဦးရေ ၃၀၀၀၀ ခန့်ရှိပါသည်။

ထို့ပြင် ထိုနိုင်ငံသည် ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့ လူဦးရေ အနည်းဆုံး နိုင်ငံတစ်ခု
ဖြစ်ပါသည်။ ဥရောပတိုက် မှာတော့ တတိယ အသေးဆုံးနိုင်ငံ တစ်ခုဖြစ်ပါသည်။
( 61 km2 ) ကျယ်ဝန်းပါသည်။
(၆) Liechtenstein - 160 km²

Switzerland နှင့် Austria နှစ်နိုင်ငံကြားတွင်တည်ရှိပြီး ဂျာမန်စကားပြော ကုန်းတွင်းပိတ်
နိုင်ငံငယ်လေး တစ်ခုပါ။ တိုင်းပြည်ရဲ့ GDP အရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံပါ။

သွားလာရမလွယ်တဲ့ တောင်ပေါ်ဒေသတစ်ခုပါ။( 160 km2 ) ကျယ်ဝန်းပါသည်။
(၇) Saint Kitts and Nevis - 261 km²

ကျွန်းနှစ်ကျွန်းပါဝင်သော ကာရစ်ဘီယံပင်လယ်တွင်းက နိုင်ငံငယ်လေးပါ။
ကျော်ကြားပြီးလှပသော ပင်လယ်ကမ်းခြေများနှင့် အပန်းဖြေစခန်းများကြောင့်
ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိကြသည့် နိုင်ငံတစ်ခုပါ။

စုစုပေါင်း ဧရိယာအကျယ်အ၀န်းမှာ ( 261 km2 ) ရှိပါသည်။
(၈) Maldives - 300 km²

အိန္ဒိယသမုဒ္ဒရာ အတွင်းမှာတော့ အကျော်ကြားဆုံး ပင်လယ်ကမ်းခြေနှင့် အပန်းဖြေစခန်း
တည်ရှိရာ ကျွန်းနိုင်ငံပါ။ အာရှ၏ အသေးငယ်ဆုံးနိုင်ငံတစ်နိုင်ငံပါ။
ဒီကျွန်းနိုင်ငံငယ်လေးဟာ သမိုင်းတစ်လျောက်တွင် ပေါ်တူဂီ ၊ ဒတ် ၊ ဗြိတိသျှ အင်ပါယာများ၏
လက်အောက်ခံဖြစ်ခဲ့ရပါသည်။ ၁၉၆၅ ခုနှစ်တွင်တော့ လွတ်လပ်ရေးရရှိခဲ့ပါသည်။
ယခုအခါတွင် လှပသော သဲသောင်ပြင်နှင့် ပင်လယ်ပြာပြာ တို့ကြောင့် ကမ္ဘာလှည့်
ခရီးသွားလုပ်ငန်းများ ဖြင့် အောင်မြင်နေသော နိုင်ငံတစ်ခုပါ။

စုစုပေါင်း ဧရိယာအကျယ်အ၀န်းမှာ ( 300 km2 ) ရှိပါသည်။
(၉) Malta - 316 km²

ဥရောပ နှင့် အာဖရိကတိုက်ကြီး နှစ်ခုကြား Mediterranean ပင်လယ်အတွင်းမှာတည်ရှိသော
ကျွန်းနိုင်ငံတစ်ခုပါ။ ကျွန်းသုံးကျွန်းနှင့် ဖွဲ့စည်းထားပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးသော
နိုင်ငံများတွင် ပါဝင်ပါသည်။ လူဦးရေ ၄၅၀ ၀၀၀ ကျော် ရှိပါသည်။

စုစုပေါင်း ဧရိယာအကျယ်အ၀န်းမှာ ( 316 km2 ) ရှိပါသည်။
(၁၀) Grenada - 344 km²

ဂရီနာဒါသည် Caribbean ပင်လယ်အတွင်းမှ ကျွန်းနိုင်ငံတစ်ခုပါ။

စုစုပေါင်း ဧရိယာအကျယ်အ၀န်းမှာ ( 344 km2 ) ရှိပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။