Monday, March 14, 2016

မိုင်(၇၀၀)ကျော်ခရီးပြင်းနှင်ပြီး သခင့်ဆီအရောက်ပြန်လာသည့် ကြောင်ကလေး

1418647709 bouchery cat dan bouchery
ပြင်သစ်နိုင်ငံမှ ကွတ်ကီး(Cookie) အမည်ရှိသော ချစ်စရာကြောင်ကလေးတစ်ကောင်၏
စွန့်စားခန်းကလည်း ကြောင်ချစ်သူများအနေဖြင့် ပြောစရာ တစ်ခုဖြစ်နေပါသည်။
ကြောင်ကလေး ကွတ်ကီးနှင့် သူ၏သခင်များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ထဲတွင်
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Grasse အမည်ရှိသော အရပ်သို့ ခရီးထွက်
ရင်း မမျှော်လင့်ပဲ ကြောင်ကလေး ကွတ်ကီးကို ပျောက်ဆုံးသွားခဲ့ရပါသည်။
ထိုသို့ ပျောက်ဆုံးသွားသော ကြောင်ကလေးကွတ်ကီးသည် ၂၀၁၄ ခုနှစ်
အောက်တိုဘာလထဲတွင် သူ၏သခင်နေထိုင်ရာ နော်မန်ဒီအပိုင် Calvados ဒေသသို့
တစ်ကိုယ်လုံးတွင် ဒဏ်ရာအနာတရများစွာဖြင့် ပြန်လည်ရောက်ရှိလာပါသည်။
2443526569 b9aa832558 z
ပြင်သစ်နိုင်ငံ တောင်ပိုင်းအစွန်မှ မြောက်ပိုင်းအစွန်သို့ ခရီးမိုင် ၇၀၀ ကျော်ကို
၁၈ လကြာအောင် ဖြတ်သန်းပြီး သခင့်ဆီအရောက်ပြန်လာရခြင်း ဖြစ်ပါသည်။
IMG 20160314 175706
တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူများအဆိုအရကတော့ ခွေး ၊ ကြောင် စသည့်အိမ်မွေး
တိရိစ္ဆာန်များသည် မိမိတို့အိမ်နှင့် မည်မျှဝေးကွာစေကာမူ မိမိတို့၏ အနံ့ခံအာရုံကို
အသုံးပြုပြီး မိမိအိမ်သို့ ပြန်ရောက်ရန်လာတတ်ကြကြောင်း ပြောကြပါသည်။
သို့သော် သည်လောက်ခရီးအဝေးကြီးကို ရောက်ရန်ပြန်လာနိုင်မှုကတော့
တော်တော်လေးကိုရှားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...