
အသက် ၂နှစ်အရွယ် Za’Dariyah Mishaw ဆိုသူ ကလေးမဟာ အိမ်အပြင်ဘက်မှာ ခြေနင်းကားလေးကို မောင်းနေခဲ့ပါတယ်။ ရဲအရာရှိ Christian Velascoဟာ Za’Dariyah ကို ဘေးရပ်ခိုင်းခဲ့ပြီး အရှိန်မြင့် မောင်းနှင်မှုအတွက် ၄ဒေါ်လာတန် ချလန်ဖြတ်ခဲ့ပါတယ်။
သာမန် ယာဉ်မောင်းတွေ အဖို့တော့ ချလန်ဖြတ်ခံရပြီဆိုရင် စိုးရိမ်ပူပန် တတ်ကြတာပေါ့။ ဒါပေမဲ့ Za’Dariyah Mishaw လေးကတော့ အချိန်ဆိုင်းမနေဘဲ ၄ဒေါ်လာ ဒဏ်ငွေဆောင်ဖို့ ရဲဋ္ဌာနကိုသွားချင်ခဲ့ပါတယ်။
“သူက ခပ်မြန်မြန်ကို နင်းနေခဲ့တာ။ သူ့ကိုမှီဖို့တောင် မနည်းလိုက်ခဲ့ရတယ်။ ဒါပေမဲ့ မှီခဲ့ပါတယ်။ သူ သိပ်တော်တာ။” လို့ ရဲအရာရှိကပြောပါတယ်။
ချလန်မှာ ဒဏ်ငွေဘယ်လောက်ဆောင်ရမှာလဲ လို့ Za’Dariyah ကိုမေးကြည့်တော့ “၄ ဒေါ်လာ။” လို့ ချစ်စဖွယ်ပြန်ဖြေခဲ့ပါတယ်။
ရင်ကိုနွေးသွားစေတဲ့ အခိုက်အတန့်လေးကို Za’Dariyahရဲ့ ဦးလေးက အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
Ref:dailymail.co.uk
credit;trend myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။