
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံများကို တင်ပြပေးပါမည်။
(၁) မှ (၁၀) အထိတင်ပြပေးပြီး မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အရှည်နှင့် အမှတ်စဉ်ကိုပါ
တစ်ပါတည်းထည့်သွင်းတင်ပြပေးပါမည်။
(၁) CANADA

ကနေဒါနိုင်ငံသည်ကမ္ဘာ့ရေပြင်ပိုင်နက်အကြီးဆုံး ပိုင်ဆိုင်တဲ့နိုင်ငံ တစ်ခုဖြစ်ပြီး
ကမ္ဘာ့အကြီးဆုံးနိုင်ငံများတွင်လည်း ပါဝင်သော မြောက်အမေရိကတိုက်တွင်တည်ရှိသောနိုင်ငံတစ်ခုပါ။
ပင်လယ်ကမ်းရိုးတန်းအရှည်အားဖြင့် ၁၂၅ ၅၆၇ မိုင် ၊ (202,080 km) အထိ ရှိပါသည်။
ထိုနိုင်ငံသည် ကမ္ဘာ့ပင်လယ်ကမ်းရိုးတန်း စုစုပေါင်း၏ ၅၆.၇ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နေပါသည်။
(၂) INDONESIA

အရှေ့တောင်အာရှနိုင်ငံများတွင် ပါဝင်သော အင်ဒိုနီးရှားနိုင်ငံသည်လည်း ကမ္ဘာ့အရှည်ဆုံး
ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံများတွင် ဒုတိယ ဖြစ်ပါသည်။ကမ်းရိုးတန်းအရှည် ၃၃ ၉၉၈ မိုင် ၊
(54,716 km) အထိရှည်လျားပါသည်။ ကျွန်းများစွာဖြင့် တည်ဆောက်ထားသော နိုင်ငံတစ်ခုဖြစ်ပြီး
ကမ္ဘာကျော်ပင်လယ်ကမ်းခြေများတည်ရှိရာ နိုင်ငံတစ်ခုပါ။
(၃) Greenland

ကမ္ဘာ့အကြီးဆုံး ကျွန်းကြီးအဖြစ် မှတ်တမ်းဝင်သော ဂရင်းလန် နိုင်ငံသည်
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံများတွင် တတိယ ဖြစ်ပါသည်။
အရှည်မှာ ၂၇ ၃၉၄ မိုင် ၊ (44,087 km) ဖြစ်ပါသည်။
(၄) RUSSIA

ကမ္ဘာ့အကြီးဆုံးနိုင်ငံ တစ်ခုဖြစ်သည့် ရုရှနိုင်ငံသည် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင် နံပါတ် လေး ဖြစ်ပါသည်။ ၂၃ ၃၉၇ မိုင် ၊ (37,65 km) အထိရှိပါသည်။
(၅) PHILIPPINES

နိုင်ငံကြီး တစ်နိုင်ငံ မဟုတ်သော်လည်း များစွာသော ကျွန်းစုများရှိသော
ဖိလစ်ပိုင်နိုင်ငံသည်လည်း ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင် နံပါတ် ၅ ဖြစ်ပါသည်။ အငြင်းပွားဖွယ် အဖြစ်ဆုံးရေပိုင်နက်
များတည်ရှိရာဒေသ တစ်ခုပါ။ ပင်လယ်ကမ်းရိုးတန်း စုစုပေါင်း အရှည်မှာ
၂၂ ၅၄၉ မိုင် ၊ (36,289 km) ဖြစ်ပါသည်။
(၆) JAPAN

အာရှတိုက် အရှေ့ဖျားပိုင်းတွင်တည်ရှိသော ကျွန်းစုနိုင်ငံငယ်လေး ဖြစ်သော်လည်း
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံများတွင် နံပါတ် ၆ အဖြစ် မှတ်တမ်း
ဝင်ပါသည်။ ၁၈ ၄၈၆ မိုင် ၊ (29,751 km) အထိ ကမ်းရိုးတန်း ရှည်ပါသည်။
(၇) AUSTRALIA

ကမ္ဘာ့အကြီးဆုံး နိုင်ငံများတွင် နံပါတ် ၆ ဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင် နံပါတ် ၇ ဖြစ်ပါသည်။ ၁၆ ၀၀၆ မိုင် ၊ (25,760 km) ကမ်းရိုးတန်းရှည်ပါသည်။
ဒီနိုင်ငံတွင် တည်ရှိသော ကမ္ဘာကျော် သည် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းသောင်ခုံ
ဖြစ်ပါသည်။
(၈) NORWAY

ဥရောပတိုက်ရှိ နော်ဝေနိုင်ငံ ၏ ပင်လယ်ကမ်းရိုးတန်းအရှည်မှာ ၁၅၆၂၆ မိုင် ၊
(25,148 km) ဖြစ်ပါသည်။
(၉) THE UNITED STATES OF AMERICA

ကမ္ဘာ့အကြီးဆုံး နိုင်ငံများတွင် နံပါတ် ၄ ဖြစ်သော်လည်း ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင်တော့ နံပါတ် ၉ သာ ဖြစ်ပါသည်။ ၁၂ ၃၈၀ မိုင် ၊
(19,924 km) အထိပင်လယ်ကမ်းရိုးတန်းရှိပါသည်။
(၁၀) NEW ZEALAND

နိုင်ငံငယ်လေးတစ်ခုပါပဲ။ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင်တော့ နံပါတ် ၁၀ ဖြစ်ပါသည်။ ၉ ၄၀၄ မိုင် ၊
(15,134 km) အထိရှိပါသည်။
(၅၄) MYANMAR

ကျွန်တော်တို့မြန်မာနိုင်ငံ သည်လည်း ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း
ရှိသော နိုင်ငံများတွင် နံပါတ် ၅၄ ဖြစ်ပါသည်။ 1930 km ရှည်ပါသည်။
စာရင်းများကို သက်နိုင်သလောက် စုစည်းဖေါ်ပြလိုက်ပါတယ်။
စာရင်းတစ်ခုနှင့် တစ်ခု သက်မှတ်ချက်ခြင်း မတူကြလို့ အနည်းငယ် ကွဲလွဲမှုတော့ရှိကြပါတယ်။
တစ်ချို့စာရင်းများတွင် နံပါတ် ၃ ဂရင်းလန်နိုင်ငံ မပါဝင်ပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .......... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။