Sunday, April 24, 2016

သွားပေါင်း (၃၀၀)ကျော် ပါဝင်တဲ့ ငါးမန်းမျိုးနွယ် သတ္တ၀ါကြီး

other TEETH fish f0e52
သြစတြေးလျ နိုင်ငံ၊ ဗစ်တိုးရီးယားမြို့ နားက Lakes Entrance မှာ ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် ဖမ်းဆီးရမိ ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသားထား ပါတယ်။ ဒီသတ္တ၀ါကြီးဟာ ငါးမန်း မျိုးနွယ်ထဲက ဖြစ်ဖွယ်ရှိပြီး သမိုင်းဦး မစတင်မီ ကတည်းက ရှိလာခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ သက်ရှိ ကျောက်ဖြစ် ရုပ်ကြွင်းထဲက အကောင် တစ်ကောင် ဖြစ်နိုင်ပြီး နှစ်သန်းပေါင်း (၈၀) လောက်က ရှင်သန်ခဲ့တဲ့ သတ္တ၀ါ အမျိုး အစား ဖြစ်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ငါးဖမ်းပိုက်နဲ့ ငါးဖမ်းနေစဉ် ဒီသတ္တ၀ါ ကြီးကို ဖမ်းနိုင်ခဲ့တာ ဖြစ်ပြီး အမျိုးအစား ဘယ်လို သတ်မှတ်ရမလဲ ဆိုတာ မသိခဲ့ကြပါဘူး။ဒီသတ္တ၀ါကြီးဟာ အသားစားငါး ပုံစံ ဖြစ်ပြီး ကျောရိုးမှာ ဆူးတောင်တွေ ပါဝင်နေတယ်လို့ ဆိုထား ပါတယ်။ ထူးခြားတာ ကတော့ သွားတွေ ဖြစ်ပါတယ်။ သွားချောင်းရေ (၃၀၀) ပါရှိပြီး အတန်းပေါင်းက (၂၅)  တန်းရှိနေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သန်း ပေါင်း (၈၀) က အသက်ရှင် ကျန်ရစ်တဲ့ သတ္တ၀ါတွေထဲက တစ်ကောင် ဖြစ်နိုင်ပြီး ဒီလိုမျိုး ရှင်သန်ခဲ့တာ နှစ်ကောင်လောက်သာ ရှိပါတော့တယ်။ တောင်ပိုင်းဒေသ ငါး ဖမ်းဆီးရေး အမှုဆောင်ချုပ် ဆီမွန်ဘော့က အလွန်ကြောက်စရာကောင်းတဲ့ သတ္တ၀ါ ဖြစ်ကြောင်း၊ ကလေးငယ်တွေ အနေနဲ့ ကြည့်ရဲမှာ မဟုတ်ကြောင်း၊ သွားတွေ အများကြီး ပါဝင်နေ သောကြောင့် သွားဆရာဝန်တွေ အလုပ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ငါးမန်း ပုံစံမျိုး သတ္တ၀ါကို ရေအောက်မီတာ (၇၀၀) လောက်မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အရှည်က (၂) မီတာ ကျော်လောက် ရှိပါတယ်။ ရှည်လျားတဲ့ မေးရိုးတွေရှိ နေပြီး ပါးစပ်ထဲမှာ သွားတွေ အများအပြား ရှိနေ တာကြောင့် ဖမ်းထားတဲ့ သားကောင်တွေကို ပြန်မထွက်အောင် လုပ်ထားနိုင်ပါတယ်။
credit:messenger journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...