Sunday, April 24, 2016

ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း ဆေးရုံမှ မဆင်းသူကို တရားရုံး အမိန်ဖြင့် ဖယ်ရှားခဲ့ရ

other Patient 9a968
 တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ဆေးရုံ တစ်ရုံမှာ ရောဂါ ပျောက်ကင်း သွားပြီ ဖြစ်သော်လည်း ဆေးရုံကနေ လုံးဝ မဆင်းဘဲ အကြောင်း အမျိုးမျိုးပြ နေထိုင်သူကို တရားရုံး အမိန်ဖြင့် ဖယ်ရှားခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ရေးသားထား ပါတယ်။ အသက် (၅၅)နှစ်ရှိပြီ ဖြစ်တဲ့ ချန်ဟာ ၂၀၁၁၊  သြဂုတ်မှာ  ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ဆေးရုံကို ရောက်လာတာ ဖြစ်ပါတယ်။ ဆေးရုံက တာဝန်ရှိသူ တွေဟာ ချန်ကို အကောင်းဆုံး ကုသမှုတွေပေးခဲ့ ပါတယ်။ ဒါပေမဲ့ ချန်ဟာ ရောဂါ အမျိုးမျိုး အကြောင်းပြပြီး ဆေးရုံမှာပဲ နေထိုင်ဖို့  ဆုံးဖြတ်ခဲ့ ပါတယ်။ ချန်ကို ဆရာဝန်တွေက စမ်းသပ်မှုတွေ ပြုလုပ်ပြီး ဘာရောဂါမှ မရှိတော့ တာကြောင့် ဆင်းရုံမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ချန်က လုံးဝ လက်မခံ တာကြောင့် ဆေးရုံက တာဝန်ရှိသူ တွေဟာ တရားရုံးမှာ တိုင်ကြားခဲ့ ပါတယ်။ နောက်ဆုံး တရားရုံးက ချန် အနေဖြင့် ရောဂါပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းပေးရမည် ဖြစ်ကြောင်း အမိန့် ချမှတ်ခဲ့ ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ဟာ ချန်ကို ဆေးရုံကနေ ဆင်းဖို့ အင်အားသုံး ဖြေရှင်းခဲ့ရ ပါတယ်။
                ချန်ဟာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ဆေးကုသမှု နှစ်လခံခဲ့ ပါတယ်။ ဒီနောက် သွေးကြောတွေပိတ်တယ် ဆိုပြီးနောက် သုံးလ ဆေးကုသမှု ခံခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါ တစ်ခု ကုသပြီးတိုင်း နောက်ရောဂါ တစ်ခု အမြဲ အကြောင်းပြပြီး ဆေးရုံမှာ သုံးနှစ်ကျော် နေထိုင်ခဲ့ ပါတယ်။ ချန် ဟာ ဆေးကုသရာမှာလည်း ကျန်းမာရေး စရိတ်တွေကို ပေးချေခြင်း မရှိပါဘူး။ ဒါကြောင့် ဆေးရုံက တာဝန်ရှိသူတွေဟာ ချန်ကို ဆေးရုံမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေ ဆေးရုံကို ရောက်လာတဲ့ အချိန်မှာ ချန်ဟာ သူ့လက်တွေကို သံကြိုးနဲ့ ချည်နှောင်ပြီး သော့ခတ် ထားပါတယ်။ ချန်ရဲ့ အပြုအမူဟာ အလွန် ဆိုးရွားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ ကလည်း သံကြိုးတွေ ဖြတ်တောက်ပြီး အတင်းအကျပ် ခေါ်ဆောင်လာခဲ့ရ ပါတယ်။ ချန်ဟာ အတင်း ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ လက်လျော့ခဲ့ရပါတယ်။  အများပြည်သူကို ဆေးကုသမှု ပေးနေတဲ့ ဆေးရုံမှာ သုံးနှစ်ကျော် နေထိုင်ပြီး ဆေးရုံ ၀န်ထမ်းတွေကို အနှောင့်အယှက်ပေးခဲ့ တာကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ချန်ဟာ ဆေးရုံကနေ ဖယ်ရှားခံလိုက်ရ ပြီးနောက် နေအိမ်ကို ပြန်လည် ရောက်ရှိ သွားတယ်လို့ ဆိုထားပါတယ်။
credit : messenger journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...