Wednesday, April 27, 2016

သေဆုံးသွားတဲ့ ရွာသူရွာသားတွေ အစား အရုပ်များပြုလုပ်ပြီး အစားထိုးခဲ့တဲ့ ဂျပန်အမျိုးသမီး

4959f2407cf3af150fd76831899ec27c77517023
တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်တဲ့ ဂျပန်ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားတဲ့ ရွာသူရွာသားတွေ အစား အရုပ်များပြုလုပ်ပြီး အစားထိုးခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိနေပြီဖြစ်ပြီး Tsukimi Ayano လို့ခေါ်တဲ့ ဂျပန် အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံ တောင်ပိုင်းက နာဂိုရီု ကျေးရွာမှာ မရှိတော့တဲ့(သို့) သေဆုံသွားတဲ့ အိမ်နီးချင်းတွေရဲ့ ပုံစံတူ အရုပ်တွေပြုလုပ် အစားထိုးခဲ့ပါတယ်။သူမဟာ အိုဆာကာ မြို့ကနေ အသက် ၈၅ နှစ် အရွယ်သူမရဲ့ ဖခင် ကို ကြည့်ရှုစောင့်ရှောက်ဖို့ပြန်လာခဲ့တာဖြစ်ပါတယ်။ နာဂိုရာ ကျေးရွာဟာ ရွာသူရွာသားတွေ လုံးဝ မရှိသလောက် နည်းနေပါပြီ။ အရွယ်ရောက်လာစရာ ကလေးတွေလည်းမရှိတော့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စာသင်ကျောင်းကို ပိတ်ထားခဲ့ရပေမယ့်  Tsukimi Ayano ကတော့ အရုပ်နဲ့ ဆရာတွေ ကျောင်းသားတွေကို ဖန်တီးထားပြီး လာရောက်လည်ပတ်သူတွေကို ပြသလေ့ရှိပါတယ်။ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ဂျပန်လူငယ်တွေဟာ အစွန်အဖျားဒေသတွေကို စွန့်ခွာပြီး မြို့ကြီးတွေမှာ အလုပ်သွားလုပ်ကာ သက်ကြီးရွယ်အိုတွေကိုတော့ လယ်ယာ လုပ်ကိုင်ဖို့ထားခဲ့ကြပါတယ်။ တိုကျိုမှာဆိုရင် လူဦးရေ ၃၇ သန်း  ၊ အိုဆာကာ ကိုဘီ မှာ လူဦးရေ ၁၁.၅ သန်း နဲ့ နိုင်ငံတစ်ခုလုံးရဲ့ လူဦးရေ ဟာ ၁၂၇ သန်းထိရှိနေပါပြီ။ ဒါကို ၂၀၅၀ ခုနှစ်မှာ ၁၀၈ သန်းထိလျှော့ချသွားနိုင်ဖို့ စီစဉ်နေပါတယ်။ အကြောင်းအရင်းကတော့ ဂျပန်လူမျိုး ၁၀ ယောက်မှာ ၄ ယောက်က အသက် ၆၅ နှစ် အထက်မှာ ဖြစ်နေလို့ပါ။Ref:dailymail.co.uk
credit : Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...