Wednesday, April 27, 2016

ဂရင်းနစ်စံချိန် တင်နိုင်ခဲ့တဲ့ နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသား

nose2
နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသားဟာ ကမ္ဘာ့အတော်ဆုံး ကွန်ပျူတာလက်ကွက် ရိုက်နိုင်သူအသစ် အဖြစ် စံချိန်တင်ခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် Mohammed Khursheed Hussainဟာ သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး စာလုံးရေ ၁၀၃ လုံးပါတဲ့ စာပိုဒ်တစ်ပိုဒ် ကို ၄၇.၄၄ စက္ကန့်အတွင်းမှာ ရိုက်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကိုတော့ ကျောနောက်ဘက် မှာ ကြိုးတုပ် ချည်နှောင်ထားပြီး နှာခေါင်းနဲ့သာ လက်ကွက် ကိုရိုက်နှိပ်နိုင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ Hyderabad မြို့မှာနေထိုင်တဲ့ Mohammed ဟာ ပထမအကြိမ် စာရိုက်ခြင်းမှာ စံချိန်တင်ခဲ့ဖူးပါတယ်။ အဲဒီအကြိမ်တုန်းက သူဟာ အင်္ဂလိပ် အက္ခရာတွေကို ၃.၄၃ စက္ကန့် အတွင်း သူ့ရဲ့ လက်ချောင်းတွေနဲ့ ရိုက်နှိပ်ပြခဲ့ဖူးပြီး ယခုတစ်ကြိမ် ဟာ သူ့အတွက် ဒုတိယအကြိမ် မြောက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ နှာခေါင်းနဲ့ စာရိုက်နိုင်ဖို့ အတွက် လေ့ကျင့်နေခဲ့တာ ၃ နှစ်ရှိပြီဖြစ်ပြီး တစ်နေ့ကို ၆ နာရီ ကြာ လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။
Ref:mirror.co.uk
credit : Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...