
ထိုင်းနိုင်ငံ နန်သာဘူရီမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ပြန်ရောက်တဲ့အချိန် တံခါးဝမှာ မြင်လိုက်ရတဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ မိချောင်းအငယ်စား အရွယ်လောက်ရှိတဲ့ ဖွတ်တစ်ကောင်ဟာ သူ့ရဲ့ အိမ်တံခါးဝမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အယူအဆရ အိမ်ပေါ်ကို ဖွတ်ရောက်လာတာဟာ ကံကောင်းခြင်းတွေယူလာတယ်လို့ အယူရှိတဲ့အတွက်ဒါဟာ အိမ်ရှင်အမျိုးသားအတွက် ပြဿနာတော့ မဟုတ်ခဲ့ပါဘူး။ တကယ့်ပြဿနာက ဖွတ်ဟာ ကြီးလွန်းတဲ့အတွက် မောင်းထုတ်ရခက်နေခဲ့တာဖြစ်ပါတယ်။
ထိုင်ယမ်ဝေါင်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားက အိမ်ပေါ်ကို လူအရပ်လောက်ရှိတဲ့ ဖွတ်ရောက်လာတဲ့အကြောင်းကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ပြီး ဖေ့စ်ဘွတ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲက စကားသံတွေအရ အကြွေစေ့နဲ့ ပေါက်လိုက်မယ်ဆိုရင် သွားလိမ့်မယ်လို့ မှတ်ချက်ပေးနေကြတာ ကြားရပါတယ်။
Source : Mashable
Credit : Duwun .com .mm
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။