
UFO တွေကို အရူးအမူးလေ့လာနေသူတစ်ယောက်ကတော့ UFO ယာဉ်ကြီးတစ်စင်းကို ဝှက်ထားတယ်လို့ ထင်ရတဲ့ တိမ်တိုက်ကြီးတစ်ခုကို အမှတ်မထင်ဓာတ်ပုံရိုက်ကူးမိခဲ့တယ်လို့ သိရပါတယ်။ ဒီတိမ်တိုက်ကြီးဟာ ပန်းကန်ပြားပျံယာဉ်ကြီးတစ်စင်းကို ကွယ်ဝှက်ထားတယ်လို့ သူက ပြောခဲ့ပြီး
မေလ ၁၂ ရက်နေ့က ဒီပုံတွေကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စကော့ဝဲရင်းလို့အမည်ရတဲ့ သူဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ အခုလိုမျိုး
ကြီးမားပြီးထူးဆန်းတဲ့ ပန်းကန်ပြားပျံယာဉ်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ နေထိုင်တဲ့ စကော့ကတော့ ဂြိုဟ်သားတွေဟာ ပန်းကန်ပြားပျံယာဉ်ကို ခဏနားချိန်မှာ သူတို့ရဲ့ ယာဉ်နားမှာ တိမ်တိုက်တွေကို ဖန်တီး ရပ်နားလေ့ရှိတယ်လို့ အခိုင်အမာဆိုပါတယ်။ ၁၉၅၇ ခုနှစ်တုန်းကလည်း အခုလိုဖြစ်ရပ်မျိုးကို စစ်သားတစ်ယောက်က ဓာတ်ပုံတွေရိုက်ကူးနိုင်ခဲ့ပြီး
ဗာဂျီးနီးယားပြည်နယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့တုန်းကတော့ လက်စွပ်ပုံစံကနေ CD ပြားပုံစံကို တစ်ဖြည်းဖြည်းပြောင်းလဲသွားခဲ့တြာ ဖစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်တွေကိုတော့ လူအများစုက မယုံကြည်ကြသေးပေမယ့် အမေရိကန်အစိုးရကတော့ ဂြိုဟ်သားတွေ ၊ UFO တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နိုင်ငံအဆင့် လုံခြံရေးအနေနဲ့ သိမ်းဆည်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။
( Beauty Syh )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Mirror
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။