
နေကာမျက်မှန်အမြဲလိုလို တပ်ထားရသော စတိုင်တင်းနေသည့် ကြောင်မကလေး Bagel သည်
တိရိစ္ဆာန်ချစ်သူများအကြား ထင်ပေါ်နေပါသည်။ ထိုကြောင်မလေးသည် မွေးဖွားလာစဉ်ကပင်
မျက်ခွံမပါသဖြင့် သူ၏ သခင် Karen McGill သည် နေကာမျက်မှန်ကို ဖန်တီးပေးပြီး
အမြဲတပ်ဆင်စေခြင်းဖြစ်ပါသည်။ ထို့ပြင် ထိုကြောင်မလေးသည် မျက်ရည်ခမ်းခြောက်သော
ရောဂါ နှင့် ကိုယ်အပူချိန်ကို ထိန်းညှိနိုင်ခြင်း လည်းမရှိပါ။
ထိုသို့ရောဂါထူပြောနေသော်လည်း သူ၏သခင်သည် စွန့်ပစ်ခြင်း မရှိပဲ တစ်နေ့ကို
အကြိမ်များစွာ မျက်စဉ်းခပ်ပေးခြင်း ၊ လိုအပ်သော အ၀တ်အထည်များ ၀တ်ဆင်ပေးခြင်းဖြင့်
ချစ်ခင်ယုယစွာ စောင့်ရှောက်ထားပါသည်။

အခုလို ဂရုစိုက်ပေးမှုတွေက ကြောင်ကလေးရဲ့ မျက်ကြည်လွှာကို မထိခိုက်စေခဲ့ဘဲ မျက်လုံးကို အကောင်းပကတိအနေအထားနဲ့ ရှိနေစေတာဖြစ်ပါတယ်။ Bagel ဟာ ရေချိုးချိန်မှာတော့ မျက်မှန်ချွတ်ထားလေ့ရှိပြီး အပြင်ထွက်တဲ့ အချိန်မှာတော့ ရတနာတွေ စီခြယ်ထားတဲ့ ကိုင်းတွေနဲ့ မျက်မှန်ကို လှပအောင် တပ်လေ့ရှိပါတယ်။
ထို့ပြင် Instagram ပေါ်တွင် ပုံတွေတင်ပေးရင်းဖြင့် ကျော်ကြားလာကာ လူချစ်လူခင် များသော
ကြောင်မကလေး တစ်ကောင်ဖြစ်လာပါသည်။ ယခုအခါတွင် Facebook ပေါ်တွင်ပင်
Page ထောင်ထားပြီး ကြောင်မကလေး၏ ပုံများကို အမြဲတင်ပေးနေရင်း
အမည်ကျော်ကြားတထက် ကျော်ကြားလာပါတော့သည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။