
တရုတ်နိုင်ငံ ၊ Chongqing မြို့တွင်နေထိုင်သူ Peiqi ဆိုသူ အမျိုးသားတစ်ယောက်သည်
သူဝါသနာအရ စုဆောင်းထားသော အကြွေစေ့များကို အသုံးပြုပြီး Chongqing မြို့ပုံစံငယ်
တစ်ခုကို ဖန်တီးခဲ့ပါသည်။

သူစုဆောင်းထားသည့် ရှေးဟောင်း အကြွေစေ့နှင့် နိုင်ငံခြား
ပိုက်ဆံ အကြွေစေ့ များ ၊ ၅၀,၀၀၀ ကျော်ကို တစ်ပြားနှင့်တစ်ပြား စီထပ်ကာ စိတ်ရှည်
လက်ရှည် ဖန်တီးယူခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ အကြွေစေ့များစီထပ်ရာတွင် ကော်ကဲ့သို့ အရာများကို လုံးဝအသုံးမပြုခဲ့ဘဲ
ခဏခဏ ပြိုလဲကျမှုများကို ထပ်ကာထပ်ကာ လုပ်ခြင်းဖြင့် ဖန်တီးခဲ့ခြင်းပါ။

မတော်တဆ ခဏခဏပြိုပြိုလဲကျတာကြောင့် ဒီပုံစံငယ်လေးကို အကြိမ်ကြိမ်လုပ်ခဲ့ရတယ်။
ကော်ဆေးမသုံးထားတာကြောင့် တစ်နေရာရာပျိုလဲပြီဆို ကျန်တဲ့အပိုင်းတွေ
ဆက်တိုက်ဖြစ်ပွားတော့တာပဲ လို့ ပြောဆိုခဲ့ပါတယ်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။