Thursday, September 1, 2016
ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး မှန်သားပြင် တံတား
ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး မှန်သားပြင် တံတားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်းရှိ
ဟူနန်ပြည်နယ်တွင် ၂၀၁၆ ခု ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဟူနန်ပြည်နယ်ရှိ နက်ရှိုင်းလှသည့် Zhangjiajie ချောက်ကမ်းပါးကြီး ကို ဖြတ်သန်း
တည်ဆောက် ထားခြင်းဖြစ်သည်။
http://i1183.photobucket.com/albums/x474/konay1/general%203/glass-bridge-china-this-week-on-dezeen-sq-468x468.jpg
ထို အောက်ခြေသို့ ထွင်းဖောက်မြင်နိုင်သည့် မှန်သားပြင်တံတားကြီးသည်
အရှည် မီတာ ၄၃၀ (၁၄၁၀ ပေ) ရှိပြီး အမြင့် မီတာ ၃၀၀ (၉၈၄ ပေ) ရှိပါသည်။
အကျယ်မှာ ၆ မီတာ (၁၉.၇ ပေ) ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649530697.jpg
ထွင်းဖောက်မြင်ရသော အလွှာသုံးထပ် မှန် ၉၉ ချပ်ဖြင့် ကြမ်းခင်းကို
တည်ဆောက်ထားပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649538021.jpg
ဒေါ်လာ ၃ ဒသမ ၄ သန်း ကုန်ကျ ခဲ့ပြီးထို တံတားကို
အစ္စရေး ဗိသုကာ ဟာအင်ဒိုတန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး
ပျှမ်းမျှအသက် ၂၈ နှစ်ရှိ နည်းပညာရှင်အဖွဲ့မှ တံတားကို
တည်ဆောက် ခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649496377.jpg
တံတား၏ ခံနိုင်ရည်ကို သက်သေပြရန်အတွက် ကြမ်းခင်းမှန်များကို
တူဖြင့် အကြိမ်ကြိမ် ထုရိုက် စမ်းသပ်ပြခဲ့ခြင်း ၊ နှစ်တန်ယာဉ် တစ်စင်းဖြင့်
ထိုတံတားပေါ်ကို ဖြတ်သန်းမောင်းနှင်စမ်းသပ်မှု အပါအ၀င်
ကြံ့ခိုင်မှု စစ်ဆေးခြင်းများ အမျိုးမျိုးကိုဆောင်ရွက်ခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649512481.jpg
ဆင်ဟွာ သတင်းဌာနမှ ထိုတံတားကြီးသည် ဒီဇိုင်းနှင့် တည်ဆောက်မှုတို့၌
ကမ္ဘာ့စံချိန် ၁၀ ခုကို ချိုးဖျက်ထားပြီဖြစ်ကြောင်း ဆိုပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649521534.jpg
တရုတ်တွင် မှန်တံတားများ အလွန်ခေတ်စားပြီး ယင်းကဲ့သို့
တံတားများပေါ်တွင် ဓာတ်ပုံရိုက်ကူးမှုသည် တရုတ်တို့ကြားတွင် အထူး
ရေပန်းစားသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649534895.jpg
မှန်တံတားများပေါ်၌ ယောဂလေ့ကျင့်ခြင်း၊
မင်္ဂလာဆောင်ခြင်းတို့ကို ဆောင်ရွက်လေ့ ရှိကြသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှာပင် တရုတ်၌ မှန်တံတား ခြောက်စင်း
တည်ဆောက်ခဲ့သည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649482832.jpg
ထိုချောက်ကမ်းပါးကြီး နှင့် တောင်များသည် နာမည်ကျော်ကြား
လူသိများသော နေရာများဖြစ်ကာ Avatar ကဲ့သို့နာမည်ကျော်
ရုပ်ရှင်ဇာတ်လမ်းများတွင် လည်းပါဝင်သဖြင့် ခရီးသွားများ စိတ်ဝင်စားရာ
ဒေသ တစ်ခုဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472649516616.jpg
အောက်ကို ဒိုးယိုပေါက် မြင်နေရသဖြင့် ဖြတ်သန်းသွားလာသူများ အနေဖြင့်
အသဲတယားယား ရင်တဖိုဖို ဖြစ်မှာ အမှန်ပါ။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...