Thursday, September 1, 2016
မြို့တော်ဝန်ဖြစ်သွားသော ကြောင်ကလေး
http://i1183.photobucket.com/albums/x474/konay1/general%203/IMG_20160819_144437.jpg
မြို့တစ်မြို့ကို အုပ်ချုပ်ရန် လူသားတစ်ဦးမဟုတ်ပဲ ကြောင်ကလေးတစ်ကောင်ကို
တာဝန်ပေးခြင်းခံရဖူးတယ်ဆိုတာ ပုံပြင်မဟုတ်ပါဘူး။အမေရိကန်နိုင်ငံ ၊
အလက်စကာပြည်နယ်ရှိ Talkeetna မြို့ကလေးတွင် ၁၉၉၇ ခုနှစ်က
တကယ်ဖြစ်သွားခဲ့တာပါ။ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် Talkeetna မြို့အတွက်
မြို့တော်ဝန် ရွေးကြပါသည်။မိမိသဘောကျသည့် ရွေးကောက်ပွဲဝင်
ကိုယ်စားလှယ်ကို မဲစာရွက်မှာ အမည်ရေး၍ မြို့သားများက မဲပေးကြပါသည်။
လူဦးရေ ၉၀၀ လောက်သာရှိသော ထိုမြို့ကလေးတွင် မြို့သားများ
အနေဖြင့် ကိုယ်စားလှယ်များမှ မည်သူ့ကိုမှ မြို့တော်ဝန် မဖြစ်စေချင်ပါဘူး။
ထို့ကြောင့်ပင် ကြောင်ကလေး Stubb ၏အမည်ကို မဲစာရွက်တွင်
ရေး၍ နောက်ပြောင်ကာ မဲပေးခဲ့ကြပါသည်။ မဲစာရင်းကြေငြာချိန်တွင်
ကြောင်ကလေး Stubb သည် မဲအများဆုံးသာ ရသွားပါသည်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း(Candidate) စာရင်းတွင်
အမည်မပါဝင်သော်လည်း နာမည်ရေး၍ မဲပေးခံရသော ကိုယ်စားလှယ်
အဖြစ်သတ်မှတ်ကာ ကြောင်ကလေး Stubb ကို မြို့တော်ဝန်အဖြစ်
အားလုံးက သတ်မှတ်လက်ခံလိုက်ကြပါသည်။
အမေရိကန်နိုင်ငံ၏ အရာရှိစာရင်းတွင်လည်း ဖော်ပြခံခဲ့ရပါသည်။
ကြောင်က အုပ်ချုပ်နိုင်ပါ့မလားဟု ထင်စရာပါ။ တကယ်လက်တွေ့
အုပ်ချုပ်ရတာကတော့ သီးခြားအုပ်ချုပ်ရေးအဖွဲ့ရှိပါသည်။
မြို့တော်ဝန် ကြောင်ကလေး Stubb ကတော့ အထူးဂရုစိုက်ခြင်းခံရကာ
ရေသောက်လျှင်ပင် ဖန်ခွက်နှင့် ကျကျနန တိုက်ရပါသည်။
ထိုကဲ့သို့ထူးခြားသော မြို့တော်ဝန်ကြောင့် Talkeetna မြို့ကလေးသည်
ကမ္ဘာလှည့် ခရီးသွားများ သွားရောက် လည်ပတ်စရာ မြို့တစ်မြို့အဖြစ်
သို့ရောက်ရှိ ခဲ့ပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...