Tuesday, September 6, 2016

အမေရိကန်မှ အသက်အငယ်ဆုံး သုံးနှစ်အရွယ် မြို့တော်ဝန်

အသက်သုံးနှစ်အရွယ်နှင့် မြို့တော်ဝန်ရာထူးရွေးချယ်ခံရသော ကလေးငယ်
ကလေးမှာ James Tufts ဖြစ်ပါသည်။မင်နီဆိုးတားပြည်နယ်၏
တောင်ပိုင်းတွင်ရှိသော ဒေါဆက်မြို့ကလေး၏ မြို့တော်ဝန်ရာထူးကို
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/james-tufts-tdy-parents_e51c4a3d0b9bd0162abaf6de42e7ca97.today-inline-large.jpg
ရွေးကောက်ပွဲထုံးစံများအတိုင်းပဲ ကတိက၀တ်ပေးမှုများဖြင့် မဲရအောင်
လုပ်ကြရပါသည်။ James Tufts ကလေး၏ မဲဆွယ်ကတိစကားကတော့
"Eat ice cream all day," (နေ့တိုင်း ရေခဲမှုန့် စားရအောင်)ပါတဲ့ ခင်ဗျာ။
http://i1183.photobucket.com/albums/x474/konay1/generral%202/james-tufts-tdy-parents-festival_20ebf0fe4a00a4bd04838e071fd319cd.today-inline-large.jpg
ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော ဒေါဆက်မြို့ လေးဟာ
လူဦးရေ ၂၂ ယောက်သာ ရှိပါသည်။ မြို့ တော်ဝန်ရွေးချယ်ပုံက ဒီလိုပါ။
တစ်ဒေါ်လာ ပေးရင် မဲပေးခွင့် တစ်ခု ရရှိမှာဖြစ်ပါသည်။

ဒေါ်လာငွေပေါ်မှာ ရစ်ပတ်ထားတဲ့ စက္ကူပေါ်မှာ ကိုယ်ရွေးချယ်တဲ့
လူ၏နာမည်ကို ရေးပေးရပါသည်။ကျင်းပမြဲဖြစ်သည့် ဒေသခံအစားအသောက်
ပွဲတော်ကျင်းပနေတုန်း သားရေကွင်းနဲ့ စည်းထားတဲ့ မဲလိပ်တွေကို
ပလတ်စတစ်ဘူးထဲ ထည့်ကာ ရောမွှေပြီး မျက်လုံးစည်းထားတဲ့
ဒေသခံဆိုင်ရှင်တစ်ယောက်က မဲလိပ်တစ်လိပ်ကို ရွေးချယ်ပေးရတာဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/james-tufts-festival-tdy-parents_198928a066401adf7612d717a6712e00.today-inline-large.jpg
James Tufts လေးက ဒီလိုနည်းဖြင့် မြို့တော်ဝန်ဖြစ်လာတာပါ။
James ဟာ ရွေးကောက်ပွဲ နေ့ မှာ မဲပေးသူတွေနဲ့ စကားစမြည်ပြောကာ
ကုန်ဆုံးခဲ့ပြီး ရေခဲမုန့် မျှော်လင့်ချက်နဲ့ မြို့ သားတွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။
http://i1183.photobucket.com/albums/x474/konay1/generral%202/tufts-family-tdy-parents_316242c6a88aaf3b91eeaa0a5446948e.today-inline-large.jpg
James တွင် အကို အသက်ခြောက်နှစ်အရွယ် ရောက်နေသော Robert ဆိုသည့်
အကိုတစ်ယောက်ရှိပြီး Robert သည် လည်း အရင်က ဒေါဆက်မြို့လေး၏
မြို့တော်ဝန်အဖြစ် နှစ်ကြိမ်တိုင်တိုင် အရွေးချယ်ခံရဖူး ပါသည်။
Robert အသက် ၃ နှစ် နှင့် ၄ နှစ်အရွယ်တွင် အရွေးခံခဲ့ရခြင်း ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/nn_kidmayorsocialplay002_5ee9c4021d14f4f58826712365f50278.nbcnews-ux-2880-1000.jpg
James သည် အကိုဖြစ်သူထံမှ အကူအညီ နှင့် သင်ပြမှုများ ရရှိခဲ့သည်ဟု
ဆိုပါသည်။သူ့အကို သင်ပေးတာက လက်ဆွဲနှုတ်ဆက်နည်း နှင့်
စကားပြောလျှင် မျက်လုံးကို ကြည့်ပြီးပြောရန် တို့ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/generral%202/tufts-family-ronald-mcdonald-tdy-parents_58c923a19a8ae33690fa1d89028ff9cc.today-inline-large.jpg
“ ဒီရာထူးက အခမ်းအနားနဲ့ ဆိုင်တဲ့ ရာထူးသက်သက်ပါ။ 
မြို့ လေး အပါအ၀င် လူမှုရေးအသင်း အဖွဲ့ တွေကို ကူညီဖို့ အတွက်
ဒီအခွင့်အရေးကို အသုံးချခဲ့တာဖြစ်ပါတယ်။” လို့ Tufts နဲ့ Robert တို့ ရဲ့
မိခင် အစားအသောက်ဝန်ဆောင်မှုဒါရိုက်တာ Emma က ပြောကြားခဲ့ပါသည်။
ညီအကိုနှစ်ယောက်လုံး အသက်ငယ်ငယ် နှင့် မြို့တော်ဝန်အဖြစ်
ရွေးချယ်ခံခဲ့ရသော ဒေါဆက်မြို့လေးကတော့ ခရီးသွားများအတွက်
လာရောက်လည်ပတ်စရာမြို့ကလေး အဖြစ် တည်ရှိနေပါတော့သည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..........   နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...