Monday, September 5, 2016

အထီးကျန်ဆန်တဲ့ ခံစားမှုဟာ လူကို ပိုဗိုက်ဆာစေတတ်

http://i1183.photobucket.com/albums/x474/konay1/general%203/Celebrity_hot_model_6.jpg
လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်ကတော့ လူတစ်ယောက်ဟာ အထီးကျန်ဆန်တယ်လို့ ခံစားရပြီဆိုရင် သူဟာ သာမာန်အချိန်တွေထက် ဗိုက်ပိုဆာတော့တာပဲလို့ ဆိုထားပါတယ်။ ဒါဆို အထီးကျန်မဆန်စေဖို့ သူငယ်ချင်းတွေနဲ့ အတူတူ ရှိနေပေးတာမျိုးဟာ ၀ိတ်မတက်အောင် ကာကွယ်တာနဲ့လည်း တူနေပြန်ပါရော။ ဒီအချက်ဟာ သူငယ်ချင်းကောင်းတွေရှိမရှိနဲ့ သက်ဆိုင်နေပါပြီ၊
ကိုယ်တစ်ယောက်တည်း အထီးကျန်တယ်လို့ ကိုယ့်ကိုယ်ကိုယ်သနားပြီး စားသောက်တာမျိုးဟာ တကယ်တော့ ပြသနာတစ်ရပ်ပါပဲ။ အမျိုးသမီးအများစုဟာ ရုံးမှာပင်ပန်းတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုပြီးရင် ကယ်လိုရီတွ တက်လာကြတာ သတိထားမိကြပါသလား။ ဒါပေမယ့် နောက်ထပ်အပြစ်တင်ဖို့ အကြောင်းအရင်းတစ်ချက် ပေါ်ပေါက်လာပြန်ပါပြီ၊ အဲ့ဒါကတော့ အထီးကျန်ဆန်တာပဲ ဖြစ်ပါတယ်၊
အိုဟိုင်းရိုး ပြည်နယ် တက္ကသိုလ်က အတွေးအခေါ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရတော့ ငါ့ဘေးနား ဘယ်သူမှမရှိဘူး၊ အမြဲတမ်း ငါတစ်ယောက်တည်းပါလားဆိုပြီး အထီးကျန်နေတဲ့ အမျိုးသမီးတွေဟာ ဗိုက်ပိုဆာတတ်ကြ သလို အစားအသောက်ကိုလည်း ပိုစားတတ်ကြပါတယ်တဲ့။

လေ့လာတွေ့ရှိချက်မှာ အမျိုးသမီး ၄၂ယောက်ကို ညဘက်တွေမှာ အစားမစားဖို့ ပြောခဲ့ပြီး မနက်စာကိုတော့ အများကြီး စားဖို့ခွင့်ပြုခဲ့ပါတယ်။ အစာမစားခင်နဲ့ စားပြီးနောက်မှာ တစ်ယောက်ချင်းစီကို သူတို့ဘယ်လောက် ဗိုက်ဆာခဲ့ကြတယ်ဆိုတာ အချိုးချခဲ့သလို သူတို့ရဲ့ သွေးကိုလည်း စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ သွေးထဲမှာဓာတ်တစ်ခုခု ရှိနေမှာကို စစ်ဆေးတာလို့ သိရပြီး ဗိုက်ဆာတတ်တဲ့ ဟော်မုန်းရှိမရှိကိုလည်း တိုင်းစားစစ်ဆေးခဲ့ကြပါတယ်။ မေးခွန်းအနေနဲ့ကတော့ သူတို့ ဘယ်လောက်အထီးကျန်နေတယ်လို့ ခံစားရသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့ဆိုရှယ်ဘ၀ကိုလည်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အဲ့ဒီလေ့လာစစ်ဆေးချက်တွေအရ လူတွေနဲ့အဆက်အသွယ်သိပ်မရှိပဲ အထီးကျန်စွာ နေတတ်တဲ့သူ၊ သူငယ်ချင်းသိပ်မရှိပဲ အမြဲတမ်းတစ်ယောက်တည်း နီးပါးနေရသူတွေမှာ ဗိုက်ဆာစေတဲ့ ဟော်မုန်းတွေ ပိုများနေတာကို တွေ့ရတဲ့အပြင် သူတို့ကိုယ်တိုင်ကလည်း ဗိုက်ခဏခဏဆာတာကို ခံစားသိရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
လူတွေမှာ အဓိကသော့ချက်ဖြစ်တဲ့ လူမှုဆက်ဆံရေးပိုင်း အားနည်းသွားတာနဲ့အမျှ ကျွန်ုပ်တို့မထင်မှတ်ထားတဲ့အရာတွေကို ခံစားသိရှိနေကြရပါပြီ၊ ဒီအကြောင်းကို ဟော်မုန်းနဲ့လူ့အပြုအမူများ ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီလိုတစ်ယောက်တည်းနေတတ်တဲ့သူ။ အထီးကျန်ဆန်တဲ့သူတွေဟာ ခုနပြောသလို ဗိုက်ဆာစေတတ်တဲ့ ဟော်မုန်းကြောင့် အစားကို တရစပ်စားတတ်ကြရုံသာမက သွေးပေါင်ချိန်တက်တာမျိုး၊ စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ကျရောဂါတွေလည်း ဖြစ်တတ်တာမို့ အထူးဂရုစိုက်ဖို့ လိုပါတယ်၊
Ref:yourtango

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...