Monday, October 3, 2016

ရှုပ်ပွနေတဲ့ ပိုက်ဆံအိတ်ရှင်းရင်း ဒေါ်လာ တစ်သိန်းကျော်ပေါက်တဲ့ ကံစမ်းမဲ လက်မှတ်တွေ့

http://i1183.photobucket.com/albums/x474/konay1/general%205/kan%20htoo%20shin.jpg
အိုင်းရစ်အမျိုးသမီးတစ်ဦးက သူ့ပိုက်ဆံအိတ်ကိုရှင်းရင်း မမျှော်လင့်ပဲ သူမေ့နေတဲ့ ဒေါ်လာ ၁သိန်း ၅သောင်း ၇ထောင်တန် ကံစမ်းမဲ လက်မှတ်ကို ရှာတွေ့ခဲ့ပါတယ်။

ဒီအမည်မဖေါ်လိုသူ အမျိုးသမီးဟာ ပိုက်ဆံအိတ်ရှင်းရင်းနဲ့ စစ်ဆေးမကြည့်ရသေးတဲ့ ကံစမ်းမဲလက်မှတ်တွေ အများတော်တော်များများကိုတွေ့တာကြောင့် ကံစမ်းမဲရုံးကို သွားရောက်စစ်ဆေးခဲ့တာပါ။

‘ပိုက်ဆံအိတ်ကတော်တော်လေး ရှုပ်ပွနေလို့ ရှင်းရင်းနဲ့ ကံစမ်းမဲလက်မှတ်တွေကို ပြန်တွေ့တာပါ။ ဒီလိုကံစမ်းမဲပေါက်တာမျိုးကို သတင်းတွေထဲမှာပဲတွေကဘူးတာ။ ဒါပေမယ့် ဒီလိုမျိုး ကံစမ်းမဲပေါက်တယ်ဆိုတာ တော်တော်နည်းပါတယ်။ လက်မှတ်ကိုစစ်လိုက်တော့ ကံစမ်းမဲပေါက်တယ်ဆိုတော့ အရမ်း အံ့သြရပါတယ်။ ဘယ်လောက်ရမယ်ဆိုတာသိတော့ တကယ်ကို ပီတိဖြစ်ရပါတယ်’ လို့ သူက ပြောပါတယ်။

သူဟာ ဒီကံစမ်းမဲကို သြဂတ်လ ၆ ရက်နေ့မှာ ကံထူးခဲ့တာ ဖြစ်ပါတယ်။
( Michelle )
Credit:သစ်ထူးလွင်
Ref : UPI

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...