Monday, October 3, 2016

သတင်းစာတစ်စောင်တည်းမှာတင် မိန်းမနဲ့ ရည်းစားဖြစ်သူတို့ရဲ့ နာရေးကြော်ငြာ၂စောင်ထည့်ခံရတဲ့ အမျိုးသား

http://i1183.photobucket.com/albums/x474/konay1/general%205/Leory.jpg
New Jersey သား အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူနဲ့ ရည်စားဖြစ်သူတို့ရဲ့ သဘောထားကွဲလွဲမှုကြောင့် သူရဲ့နာရေးကြော်ငြာကို သတင်းစာတစ်စောင်ထဲမှာတင် ၂ ခါထည့်ခံခဲ့ရပါသတဲ့။

သောကြာနေ့ထုတ် Press of Atlantic City သတင်းစာမှာ အင်္ဂါနေ့က အဆုတ်ကင်ဆာနဲ့ အသက် ၅၅ နှစ်မှာ သေဆုံးသွားသူ Leroy "Blast" Bill Black ဆိုသူအတွက် နာရေးကြော်ငြာစာ ၂စောင် ရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်။

ဒီကြောငြာ ၂ စောင်မှာ အဓိကကွဲပြားခြားနားချက်ကတော့ တစ်စောင်မှာတော့ “ ချစ်လှစွာသော ဇနီးသည် Bearetta Harrison Black “  နဲ့  နောက်တစ်စောင်မှာတော့ “ အချိန်ကြာမြင့်စွာ မခွဲအတူရှိခဲ့တဲ့ ချစ်သူရည်းစား Princess Hall “ ဆိုတဲ့ စာသားတွေဖြစ်ပါသတဲ့။

နောက်တစ်ချက်ကတော့ ပထမကြော်ငြာမှာပါတဲ့ သားသမီးနာမည်တစ်ချို့ဟာ ဒုတိယကြော်ငြာမှာ ဖော်ပြထားခြင်းမရှိတာပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုနာရေးကြော်ငြာ ၂စောင်ဖြစ်ရတာလဲဆိုတော့ ဇနီးဖြစ်သူက ပုံစံတစ်မျိုး၊ ရည်းစားဖြစ်သူက ပုံစံတစ်မျိုးနဲ့ ရေးထည့်ချင်တာကြောင့် သဘောထားမတိုက်ဆိုင်ပဲ ၂ စောင်ထည့်ဖြစ်သွားတာလို့ သိရပါတယ်။

( Michelle )
Credit:သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...