၂၀၀၅ ခုနှစ်တွင် ဒူဘိုင်းမှ Burj Al Arab ဟော်တယ်၏ ဟယ်လီကော်ပတာကွင်းပုံစံ
တင်းနစ်ကွင်းကို ကမ္ဘာ့အမြင့်ဆုံးတင်းနစ်ကွင်း အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
Burj Al Arab ဟော်တယ်သည် ၃၂၁ မီတာ( ၁၀၅၃ ပေ) အမြင့်ရှိပြီး
စတုတ္တမြောက် ကမ္ဘာ့အမြင့်ဆုံးဟော်တယ် စာရင်းဝင်ထားပါသည်။
ထည်ဆောက်ပုံ ဒီဇိုင်းဆန်းသစ်မှု နှင့် ၀န်ဆောင်မှုကောင်းမွန်မှု တို့ကြောင့်
ကျော်ကြားသော ဟော်တယ်တစ်ခု ပင်ဖြစ်ပါသည်။
တင်းနစ်ကွင်းကတော့ ၂၁၁ မီတာ ( ၆၉၂ ပေ) မြင့်ပါသည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကမ္ဘာကျော် တင်းနစ်သမားများ
ဖြစ်သော Roger Federer နှင့် Andre Agassi တို့သည် ချစ်ကြည်ရေးအဖြစ်
သရုပ်ပြ ကစားခဲ့ကြပါသည်။
လေဟာပြင် ကစားကွင်း ဖြစ်သဖြင့် တင်းနစ်ဘောလုံးများစွာကတော့
အောက်ကျ ပျောက်ဆုံးမှုတွေ ဖြစ်ကြတာပေါ့နော်…
Jun 5, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။