Tuesday, December 6, 2016

ကမ္ဘာ့အကျော်ကြားဆုံး ယိုင်စောင်းနေသောမျှော်စင်များ

ကမ္ဘာတစ်လွှားမှာ ရှိကြတဲ့ တစ်ဖက်ဖက်ကို ယိုင်စောင်းနေတဲ့ မျှော်စင်တွေကို
တင်ပြပေးချင်ပါတယ်။ ဒီလိုစောင်းနေတဲ့ မျှော်စင် အဆောက်အဦများဟာ များစွာတည်ရှိကြ
ပါတယ်။ ဒီအထဲကမှ ကျော်ကြားတဲ့ မျှော်စင်တွေကို နေခရမ်း၏ ထုံးစံအတိုင်း စုစည်း
တင်ပြပေးလိုက်ပါတယ်။ အခုတင်ပြမဲ့ မျှော်စင်တွေက တစ်ချို့က ဆောက်ကတည်းက
စောင်းနေကြပြီး ၊ တစ်ချို့က နှစ်ကြာလာလို့ စောင်းသွားကြတာပါ။ တစ်ချို့မျှော်စင်များ
ကတော့ တမင်ကို စောင်းနေတဲ့ ဒီဇိုင်းယူပြီး ထွင်ထားကြတာပါ။အားပေးကြပါအုံးနော်...
(၁)Tower of Pisa, Italy
စာင်းနေတဲ့မျှော်စင်ဆိုလျှင် အီတလီနိုင်ငံမှ ပီဆာ မျှော်စင်ကို လူသိများကြပါတယ်။
နှစ်အကြာဆုံး၊ အမြင့်ဆုံး မဟုတ်ပေမယ့် ဒီပီဆာမျှော်စင်ဟာ လူသိအများအကျော်ကြားဆုံး
အဖြစ်မှတ်ယူထားကြပါတယ်။ ၁၁၇၃ ခုနှစ်ထဲက စတင် အခြေတည်ထားခဲ့သော်လည်း
၁၃၇၂ ခုနှစ်ကြမှ ပြီးစီးခဲ့ပါတယ်။ အမြင့်အားဖြင့် 55.86 metres (183.3ပေ) ရှိတဲ့ ခရစ်ယာန်
ဘုရားကျောင်းတစ်ခုပါ။ အောက်ခြေရေပြင်ညီမှ တုင်းတာလျှင် မျှော်စင်ထိပ်ပိုင်းဟာ
3.9 metres (12 ပေ 10လက်မ) အထိကွာဝေးနေပါတယ်။
(၂) The Leaning Tower of Niles, Illinois, USA
အီတလီမှ ပီဆာမျှော်စင် ၏ ဒီဇိုင်းအတိုင်း ပုံစံတူ တည်ဆောက်ထားတာပါ။ 1/2 အချိုးကျ
တည်ဆောက်ထားတဲ့ အမေရိကန်နိုင်ငံမှ မျှော်စင်ပါ။ ၉၄ ပေ မြင့်ပြီး ၁၉၃၄ ခုနှစ်မှာတည်ဆောက်
ပြီးစီးခဲ့ပါတယ်။

(၃) Temple Church, Bristol, UK
အင်္ဂလန်နိုင်ငံ ၊ ဘရစ်စတိုမြို့မှ ခရစ်ယာန် ဘုရားရှိခိုးကျောင်း မျှော်စင်ပါ။
၁၁၄ ပေ မြင့်ပြီး ၁၃၉၀ ခုနှစ်လောက်မှာ စတင်တည်ဆောက်ပြီးစီးတုံးက အတည့်အနေနဲ့
ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၄၆၀ ခုနှစ်လောက်ကစပြီး ယိုင်စောင်းလာတယ်လို့ဆိုပါတယ်။
ဒါကလည်း စတင်တည်ဆောက်ကတည်းက ဒီနေရာရဲ့အောက်မှာသိုးမွှေး အထည်အလိပ်အိတ်
တွေရှိတယ်လို့ဆိုကြပါတယ်။ အရင် နှစ်ပေါင်းများစွာက အထည်အလိပ်လုပ်ငန်းတွေလုပ်ကိုင်
တဲ့ မြေနေရာပေါ် တည်ဆောက်မိတာပါ။ နှစ်ပေါင်းများစွာ ရာစုနှစ်တွေချီပြီး တည်ရှိနေတဲ့
ဒီမျှော်စင်ဟာ ၁၉၄၀ ၊ နိုဝင်ဘာလ ၂၄ ရက် နာဇီ တွေ ဗုံးအပြင်းအထန် ဒီဘုရားကျောင်းပေါ်
ကိုကျဲချခဲ့ပါတယ်။ ဒါပေမယ့် ဒီမျှော်စင် တစ်ခုကတော့ အပျက်အစီးတွေကြားမှာ ထီးထီးကြီး
ကျန်ရှိနေပါတယ်။

(၄) The Round Tower Of The Kilmacduagh Monastery, Ireland
Ireland နိုင်ငံမှ ဒါမျိုး လုံးဝိုင်းရှည်လျားတဲ့ မျှော်စင်အဆောက်အဦးတွေ များစွာရှိပါတယ်။
ဒီမျှော်စင်ကတော့ အရှည်ဆုံးပါ။ ပေ ၁၁၀ မြင့်ပါတယ်။

(၅) Suurhusen Church, East Frisia, Germany
ဂျာမနီနိုင်ငံ မှာတည်ရှိပြီး ၂၀၀၇ ခုနှစ် ဂရင်းနစ် မှတ်တမ်းတွင်  “the most tilted tower in the world”
ဟု မှတ်တမ်းတင်ထားခဲ့ပါတယ်။ ၁၄၅၀ ခုတွင် တည်ဆောက်ပြီးစီးခဲ့ပြီး  27.37 metres (89.8 ပေ)
မြင့်ပါတယ်။  5.1939ဒီဂရီ တိမ်းစောင်းနေပါတယ်။

(၆) Oude Kerk, Delft, the Netherlands
နယ်သာလန်နိုင်ငံတွင် စောင်းနေတဲ့ မျှော်စင် ၇ ခုရှိပြီး ဒီမျှော်စင်ကို တင်ပြပေးလိုက်ပါတယ်။
၂၄၅ ပေ မြင့်ပြီး အထက်နှင့်အောက် ၆ပေ ခွဲ ဝေးကွာနေအောင်စောင်းနေပါတယ်။
၁၃၂၅ မှာ စတင်တည်ဆောက်ပါတယ်။

(၇) Huqiu Tower, Suzhou City, China
Huqiu Tower ဟု ယခုအမည်ရ တဲ့ ဒီဘုရားကျောင်းကို တရုတ်နိုင်ငံ ၊
စူချောင်း မြို့မှာ တည်ရှိပါတယ်။ 907 AD မှာစတင်တည်ဆောက်ခဲ့ပြီး
961 AD မှာပြီးစီးခဲ့ပါတယ်။ ၁၅၇ပေ မြင့်ပြီး အထက်နှင့်အောက် ၇ပေခွဲ ခန့်တိမ်းစောင်းနေတယ်
လို့ဆိုပါတယ်။ ဒီအကြောင်းကို နေခရမ်းဆိုဒ်တွင် တရုတ်ပြည်မှ ယိုင်စောင်းနေသော ဘုံကျောင်းမျှော်စင် 
ဟု ပိုစ့်တင်ထားဖူးပါတယ်။ 

(၈) Big Ben, London, UK
ကမ္ဘာကျော် အင်္ဂလန်နိုင်ငံမှ ဘစ်ဘန်နာရီစင်ကြီးလည်း စောင်းနေတဲ့စာရင်းထဲမှာထည့်လိုက်ပါတယ်။
အရင်ကတော့ အတည့်အတိုင်းတည်ရှိပေမယ့် နှစ်ကြာလာလို့ တစ်ဖြည်းဖြည်း တိမ်းစောင်း
လာပါတယ်။ မြောက်ဘက်သို့ 0.26 degrees (17 လက်မ)ခန့် စောင်းနေပါတယ်။
ဒီနာရီစင်ကြီးကို ယခုအခါ ဘုရင်မကြီး အမည်ကိုပြောင်းလဲဂုဏ်ပြုခေါ်မယ်လို့လည်း
ဖတ်လိုက်ရဖူးပါတယ်။

(၉) Two Towers of Bologna, Italy
နီးနီးကပ်ကပ်တည်ရှိနေတဲ့ ဒီမျှော်စင်နှစ်ခုဟာ ဆန့်ကျင်ဘက်စီ တိမ်းစောင်းနေကြပါတယ်။
၁၁၁၉ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ၃၁၉ ပေမြင့်ပါတယ်။ နိမ့်တဲ့ အဆောက်အဦးက ၄ဒီဂရီ
စောင်းနေပြီး မြင့်တဲ့ အဆောက်အဦကတော့ ၁.၃ ဒီဂရီ တိမ်းစောင်းနေပါတယ်။

(၁၀) Nevyansk Tower, Russia
ရုရှနိုင်ငံမှာ တည်ရှိပြီး ယခုအခါ ၃ ဒီဂရီလောက်တိမ်းစောင်းနေတယ်လို့ဆိုပါတယ်။
၁၈၉ ပေမြင့်ပါတယ်။

(၁၁) Bad Frankenhausen Church Tower, Germany
ဂျာမနီနိုင်ငံမှာ တည်ရှိတဲ့ ၄. ၈ ဒီဂရီအထိတိမ်းစောင်းနေပါတယ်။
အခုတင်ပြမှာက ဒီနောက်ပိုင်းနှစ်များမှာ တည်ဆောက်ခဲ့ကြတဲ့ ထူးထူးခြားခြား ဒီဇိုင်းဖန်တီး
ထားကြသော အဆောက်အဦများပဲဖြစ်ပါတယ်။

(၁၂) Capital Gate Tower
အဘူဒါဘီတွင် တည်ရှိတဲ့ ၅၂၀ ပေမြင့်တဲ့ အဆောက်အဦပါ။ အနောက်ဘက်သို့
၁၈ ဒီဂရီ အထိ တိမ်းစောင်းနေပြီး ၂၀၁၀ ခုနှစ် ဂရင်းနစ်မှတ်တမ်းတွင် ‘World’s furthest-leaning
man-made tower’ ဟု မှတ်တမ်းတင်ထားပါတယ်။

(၁၃) Olympic Stadium 
ကမ္ဘာအမြင့်ဆုံး စောင်းနေတဲ့မျှော်စင်အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဒီအဆောက်အဦဟာ
575.8ပေမြင့်ပါတယ်။

Dec 4, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .............. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...