Wednesday, January 18, 2017

ကရင်ပြည်နယ် မှ ကောက်ရိုးဖြင့်ပြုလုပ်ထားသော တောင်ယာလုပ်ကရင်အဖိုးအို ရုပ်တုကြီး

This old man made from HAY BALES in Hpa-An , Kayin state - Myanmar.
highest = 45 ft
ကရင်ပြည်နယ်၊ဘားအံမြို့၊တောင်ကလေးကွင်း
ရှိ ကရင်နှစ်သစ်ကူးပွဲကျင်းပရာ ကွင်းအတွင်းမှ
ဧရာမ ကောက်ရိုးအရုပ်ကြီးကြောင့် ယခုနှစ်တွင်
သွားရောက်သူများအတွက် စွဲဆောင်မှုတစ်ခု ဖြစ်စေပါသည်။

ကောက်ရိုးများဖြင့် ပုံဖော်ပြုလုပ်ထားခြင်းဖြစ်ပြီး
အမြင့်အားဖြင့် ၄၅ ပေ အထိရှိကြောင်း သိရပါသည်။

တောထဲတွင် နေထိုင်သော ကရင်လူမျိုးတို့၏ ကရင့်ဓလေ့ ပုံစံအတိုင်း
တောင်ယာလုပ်ပြီး ပလိုင်းတစ်လုံးလွယ်ကာ
အဖော် ခွေးကလေးနှင့်အတူ အိမ်ပြန်ချိန်ကို
ပုံဖော်ထားခြင်း ဖြစ်ပါသည်။

ပလိုင်းထဲတွင် တောင်ယာမှယူလာသော ဘူးသီး၊ ငှက်ပျောသီးနှင့်အဖူး၊ ရွှေဖရုံသီး၊ ဝါးကျည်တောက်နှင့်ရေထည့်ထားသော ရေဗူးတို့
ပါရှိပါသည်။ တောင်ယာလုပ်သည့် ကရင်အဖိုးအို
ရုပ်တုကြီးကို ကောက်ရိုးဖြင့်ဖန်တီးထားမှု မှာလည်း
လိုက်ဖက်မှုရှိစေပါသည်။

ကမ္ဘာတွင်ထိုကဲ့သို့ ကောက်ရိုးဖြင့် ဖန်တီးထားသော
ရုပ်တုကြီးများ ပြုလုပ်ခဲ့ကြဖူးပါသည်။ ကမ္ဘာကျော်
ရုပ်တုကြီးများ အဖြစ်လည်း မြင်တွေ့ခဲ့ရဖူးပါသည်။

ယခု ကရင်ပြည်နယ် မှ ကောက်ရိုးအရုပ်ကြီး မှာလည်း
ထိုကဲ့သို့ ကမ္ဘာကျော်လောက်အောင် ကြီးမားသလို
လက်ရာလည်း မြောက်ပါသည်။ထို့ကြောင့် ကျွန်တော့်
အနေဖြင့် ဂုဏ်ယူစွာပြန်လည်တင်ပြရခြင်း ဖြစ်ပါသည်။

တင်ပြထားသော ပုံများကိုတော့ မြင့်မြတ်သောကမ္ဘာ
Page မှတစ်ဆင့် ရယူထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...