Wednesday, January 18, 2017

အလွန်ကောင်းသော ပညာပေးအစီအစဉ်များ

ဆေးလိပ်သောက်သုံးမှု လျော့ချရေးအတွက် ပြုလုပ်ထား
တဲ့အစီအစဉ်များပါ။ဒါပေမယ့် စာသားများဖြင့်ကြော်ငြာ
ခြင်းမျိုးမဟုတ်ပဲ ပုံဖော်ဖန်တီးထားမှုများဖြင့် ထိရောက်အောင်
ပညာပေးနိုင်တာကတော့ လေးစားစရာပါ။

ဒါကတော့ ဆေးလိပ်ဘူးကို သီးခြားဒီဇိုင်းထုတ်ထားတာပါ။
ဆေးလိပ်အပြည့်ရှိနေချိန်တွင် ပြုံးနေသော မိန်းကလေးပုံ
ဖြစ်နေပေမယ့် ဆေးလိပ်တစ်လိပ်လျော့သွားတိုင်း
မိန်းကလေး၏ အလှလျော့သွားစေမှာပါ။နောက်ဆုံး
ဆေးလိပ်အကုန် ကုန်သွားချိန်မှာ မြင်ရတဲ့ပုံကိုကြည့်ပြီး
ဆေးလိပ်သောက်ချင်စိတ်ကို အတိုင်းအတာ တစ်ခု
အထိ လျော့ကျသွားစေနိုင်ပါတယ်။

ဒီအခန်းလေးကတော့ အများပြည်သူသွားလာရာနေရာများ
တွင်ရှိသော ဆေးလိပ်သောက်ခန်းလေးပါ။
ဆေးလိပ်သောက်ခြင်သူအတွက် ထိုအခန်းထဲဝင်သောက်
ရမည်ဖြစ်ပြီး အထက်နံရံကို မော့ကြည့်လိုက်လျှင်တော့
ထိတ်လန့်စရာပါ။
ဒါကတော့ မိမိက မြေကြွင်းထဲရောက်နေသလို ဖြစ်ပြီး
လူအများက မိမိရဲ့အသူဘအခမ်းအနားကို ကျင်းပနေသည်
ကို တွေ့မြင်ရမှာပါ။ မှန်တာပါပဲ။ဒီဆေးလိပ်သောက်ရင်
သင်ဒါမျိုးနေရာ မြန်မြန်ရောက်နိုင်တာပေါ့နော်။

ဒါကတော့ လူအများသွားလာနေတဲ့ လမ်းပေါ်မှာထားတဲ့
ဆေးလိပ်တို စွန့်ပစ်နိုင်သည့် ပြာခံခွက်ပုံစံပါ။
ပြာခွက်ထဲ ဆေးလိပ်တိုပစ်တာများလေ အောက်က
အဆုတ်ပုံကတော့ တဖြည်းဖြည်းဆေးလိပ်တိုများဖြင့်
ပြည့်လာမှာပါ။ဒါကလည်း ဆေးလိပ်သောက်သုံးမှု
လျော့ကျရေးပညာပေးရာတွင် ထိရောက်မှုရှိသော
နည်းလမ်းကောင်းတစ်ခုပါ။

ဆေးလိပ်သောက်တာ မကောင်းပါဘူးဆိုတာကတော့
လုတိုင်းသိပါတယ်။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်
ဆက်လက်ပြီးသောက်သုံးနေကြဆဲပါပဲ။
ကျွန်တော်လည်း အတူတူပါပဲ။
 ဒီလိုပညာပေး
အစီအစဉ်များကို တွေ့ကြုံလိုကိရလျှင်ဖြင့် ဆေးလိပ်မပျက်
နိုင်တာတောင် ဆေးလိပ်သောက်ခြင်စိတ် ပိုမိုလျော့နည်း
စေကာ လျော့သောက်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...