Friday, January 27, 2017

ကင်မရာ အများဆုံး ပိုင်ဆိုင် ထားတဲ့ ဓာတ်ပုံ ဂျာနယ်လစ်


အိန်္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ နေထိုင်တဲ့ ဓာတ်ပုံ ဂျာနယ်လစ် တစ်ဦးဟာ ကင်မရာ အများဆုံး ပိုင်ဆိုင်သူ အဖြစ် မှတ်တမ်းဝင်သွား ပါတယ်။ ဒါရစ်ပါလစ်ဟာ သူတင်ထားတဲ့ စံချိန်ကို ပြန်လည် ချိုးဖျက်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဂင်းနစ် စံချိန် မှတ်တမ်း အဆိုအရ သူဟာ ကင်မရာပေါင်း (၄၄၂၅) ခု ပိုင်ဆိုင် ထားပြီး အများစုက တန်ဖိုး ကြီးမားတဲ့ ရှေးဟောင်း ကင်မရာတွေ ဖြစ်ပါတယ်။ သူဟာ ယခင် စံချိန် ဖြစ်တဲ့ ကင်မရာပေါင်း (၂၆၃၄) ခု စံချိန်ကို ချိုးဖျက် လိုက်တာ ဖြစ်ပြီး သြဂုတ် (၁၉) ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ ဓာတ်ပုံများနေ့မှာ ပိုင်ဆိုင် ထားတဲ့ ကင်မရာတွေကို ထုတ်ဖော် ပြသခဲ့ဖူး ပါတယ်။ ဒါရစ်ပါလစ်က မိမိ၏ စံချိန်ကို ပထမဆုံး ပြန်ချိုး နိုင်ခြင်း ဖြစ်ကြောင်း၊ ကင်မရာ များသည် မိမိဘ၀ ဖြစ်ပြီး ကင်မရာများ မရှိပါက အသက်မရှင် နိုင်ကြောင်း ဟြေကြားခဲ့ပါတယ်။

           သူဟာ ပြီးခဲ့တဲ့ (၂၅) နှစ်တာ ကာလ အတွင်း ကင်မရာတွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ သူ စုဆောင်းခဲ့တဲ့ ကင်မရာတွေ ထဲမှာ တံဆိပ် မျိုးစုံ ပါဝင်နေ ပါတယ်။ Lecias, Rolliflexes ,Canons,Nikons,Kodaks,Zeiss နဲ့ Linofs  စတဲ့ တံဆိပ်တွေ ဖြစ်ကြပါတယ်။ ၁၉၃၄ မှာ ထုတ်ဝေခဲ့တဲ့ Lecia 250 အမျိုးအစားကိုရဖို့ ခက်ခဲစွာ ကြိုးစားခဲ့ရ ပါတယ်။ ဒီအမျိုးအစားဟာ စထုတ် ကတည်းက အလုံးရေ (၁၀၀၀) နီးပါးသား ရှိတာကြောင့်  ရှေးဟောင်း ကင်မရာ အဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ဂျာမနီနိုင်ငံက ထုတ်တဲ့ Bessa အမျိုးအစား ကင်မရာဟာ ရှေးအကျဆုံး ကင်မရာ တွေထဲမှာ ပါဝင်ပြီး ဂျပန် တော်ဝင် မိသားစုကို ရိုက်ခဲ့ဖူးပါတယ်။ ဒီလို ကင်မရာတွေ ကိုလည်း ဒါရစ်ပါလစ်က ပိုင်ဆိုင်ထား ပါတယ်။ ဒါရစ် ပါလစ်ရဲ့ ဖခင် ဖြစ်သူဟာ ကင်မရာတွေ ကို စုဆောင်းသူ ဖြစ်ပြီး ကင်မရာ (၆၀၀) ကျော် ပိုင်ဆိုင်ထား ပါတယ်။ ဖခင်ဖြစ်သူ အမွေကို ဒါရစ်ပါလစ်က ဆက်ခံပြီး ကင်မရာတွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါရစ်ပါလစ်ဟာ ကင်မရာတွေကို စုဆောင်းရာမှာ သတင်းစာ ကြော်ငြာတွေ ကနေ ရှာဖွေခြင်း၊ ဓာတ်ပုံ စတူဒီယို တွေဆီ သွားရောက် ၀ယ်ယူခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။ ၁၉၇၇ ကတည်းက ကင်မရာတွေ စုဆောင်းခဲ့တဲ့ ဓာတ်ပုံ ဂျာနယ်လစ် ဒါရစ်ပါလစ်မှာ ရှာဖွေလို့ မရနိုင်တဲ့ အဖိုးမဖြတ် နိုင်တဲ့ ကင်မရာတွေ အများအဟြးရှိ နေခြင်းက အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...