Friday, January 27, 2017

ကာရာအိုကေ အဆိုနိုင်ဆုံးသူ


ကနေဒါ နိုင်ငံမှာ နေထိုင်တဲ့ ကင်ပါဆန်ကိုနဲ့ ယှဉ်ပြီးတော့ ကာရာအိုကေ အပြိုင်ဆိုနိုင်မှာ မပာုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကင်ပါဆန်ဟာ ကာရာအိုကေ ဆိုတဲ့ နေရာမှာ စံချိန်တွေ တင်ရှိထား တာကြောင့် ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ကာရာအိုကေကို အရှည်ကြာဆုံး ဆိုနိုင်သူ အဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ကင်ပါဆန်ရဲ့  ကာရာအိုကေ ဆိုနိုင် စွမ်းအား ကလည်း အံ့အားသင့်စရာ ဖြစ်ပြီး (၅၅) နာရီ၊ (၁၁) မိနစ်၊(၃၀) စက္ကန့် သီဆိုပြီး စံချိန်သစ်တင် သွားခြင်း ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ယခင် စံချိန် ဖြစ်တဲ့ (၄၈) နာရီ၊(၃၈) မိနစ်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကင်ပါဆန်ဟာ ယခင်က ကာရာအိုကေ အဆိုနိုင်ဆုံး စံချိန်ကိုတင် နိုင်ဖို့ ကြိုးစားခဲ့ ဖူးပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ဒုတိယ အကြိမ်မြောက် ကြိုးစားမူ မှာတော့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ ပါတယ်။ စံချိန်ချိုး ပြီးနောက် ကင်ပါဆန်က ကြီးကျယ်တဲ့ ခံစားမူကို ဖြစ်ပေါ်စေ ပါတယ်။ ကျွန်တော် ဒီလို လုပ်နိုင်မယ်လို့ မထင်ထား ပါဘူး။
အရမ်း မောပန်းခဲ့ ပေမယ့် အားပေးသူတွေ ရှိနေခြင်းကြောင့် လုပ်နိုင်ခဲ့ တာပါ။ ဒါဟာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး ဆိုတာ ပထမအကြိမ် ကတည်းက သိခဲ့ပြီးသား ဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။ ကာရာအိုကေ သီဆိုခြင်းနဲ့ ပတ်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ကတော့ ဖင်လန်နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ကို ဗူလာ ကာရာအိုကေ ကလပ်ဟာ လူ (၅၀၀) ကျော်နဲ့ ကာရာအိုကေကို မရပ်မနား သီဆိုခဲ့ရာ စုစုပေါင်း (၂၁၁)နာရီ၊ (၃၈) မိနစ်၊ (၄) စက္ကန့် ကြာခဲ့ပြီး အုပ်စုလိုက် ကာရာအိုကေ အရှည်ကြာဆုံး သီဆိုနိုင်ခြင်း ဖြစ်ခဲ့ပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...