အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် နေထိုင်သည့် အသက်(၁၄) နှစ်အရွယ် ကောင်ကလေးတစ်ဦးသည် အသက်ကြီး ရောဂါကြောင့် အဘိုးကြီးတစ်ဦးပုံစံ ပေါက်နေကြောင်း သိရသည်။ နီဟာဘီတလာသည် အခြားဆယ်ကျော်သက်များ ကဲ့သို့ ကွန်ပျူတာဂိမ်း ကစားခြင်းကို ၀ါသနာပါသည်။ ဘီတလာသည် တောက်ပသောမျက်ဝန်းတစ်စုံ ရှိနေသော်လည်း သူ၏ပုံစံက တစ်မျိုး ထူးခြားနေသည်။ ဦခေါင်းတွင် ဆံပင်မရှိဘဲ အရေပြားများက အသက်ကြီးသူများ၏ ပုံစံမျိုးဖြစ်နေသည်။ အသက်(၁၄) နှစ် ရှိပြီဖြစ်သော်လည်း ကိုယ်အလေးချိန်က (၂၈) ပေါင်ထက် လျော့နည်းနေသည်။ လမ်းကိုတဖြည်းဖြည်း လျှောက်နေရသည်။ ဘီတလာသည် အသက်ကြီးရောဂါ ခံစားနေရခြင်း ဖြစ်သည်။ ယင်းရောဂါကို Hutchinson-Girlford Progeria Syndrome (HGPS) ဟု ခေါ်ဆိုသည်။ ပုံမှန်မဟုတ်သည့် မျိုးရိုးဗီဇကြောင့် ဖြစ်သည့် ရောဂါမျိုးဖြစ်သည်။ ယင်းရောဂါ ရရှိသူသည် သာမန်ထက် အသက်ရှစ်ဆ ပိုကြီးနေသည်ဟု ထင်ရမည် ဖြစ်သည်။ ယင်းရောဂါ ခံစားရသူသည် နှလုံးရောဂါပါ ပူးတွဲခံစားရလေ့ရှိပြီး၊ အသက် (၁၄)နှစ် ခန့်သာ နေရလေ့ ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဘီတလာသည် ဆော့ကစားနေသော်လည်း နေရမည့် ရက်များက သိပ်မကျန်တော့ပေ။ ဘီတလာသည် ကျောင်းမှ ထွက်လိုက်သည်မှာ ငါးနှစ်ရှိသွာပြီး အိမ်တွင် ပန်းချီဆွဲခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ဖြင့် အချိန်ကုန်ဆုံးလေ့ ရှိသည်။
Credit : messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။