Monday, October 16, 2017

တစ်နေ့ကို ဆယ်လ်ဖီအကြိမ်(၂၀၀) ရိုက်သူ


    အမေရိကန်ပြည်ထောင်စု၊ ဗာဂျီနီးယား ပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးသည် ဆယ်လ်ဖီ စွဲလမ်းနေခြင်းကြောင့် လူမှုဘ၀ကို ထိခိုက်လာခဲ့သည်။ အသက် (၂၃)နှစ်အရွယ်ရှိ ချာလော့တီသည် အချိန်တိုင်း ဆယ်လ်ဖီရိုက်ကူးရန် စိတ်ဆန္ဒ ပြင်းထန်လွန်းသောကြောင့် အခြားအရာများကို အနှောင့်အယှက် ဖြစ်လာခဲ့သည်။ ချစ်သူနှင့် စကားပြောချိန်တွင်လည်း ဆယ်လ်ဖီ ရိုက်ရန်သာ အာရုံစိုက်နေခဲ့သည်။ နောက်ဆုံးတွင် ချစ်သူဖြစ်သူက စွန့်လွှတ်သွားခဲ့သည်။ ဆယ်လ်ဖီကို တစ်နေ့အကြိမ် (၂၀၀) ခန့် ရိုက်ကူးခဲ့သည်။ ယင်းနောက် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြန်လည်တည်းဖြတ်မှု ပြုလုပ်ပြီး အင်စတာဂရမ်တွင် တင်လေ့ရှိသည်။ ပုံများကို ရွေးချယ်တည်းဖြတ်ရန် တစ်နေ့ကို  (၅)နာရီခန့် အချိန်ယူပြီး နံနက်  (၃)နာရီမှ အိပ်ရာဝင်လေ့ ရှိသည်။
      ချာလော့တီသည် နံနက် (၇)နာရီတွင် အိပ်ရာထပြီး ကျောင်းသွားရန် ပြင်ဆင်သည်။ ယင်းနောက် ဆယ်လ်ဖီ ရိုက်ကူးရာတွင် ချောမောလှပဖို့ အလှပြင်ဆင်မှု ပြုလုပ်သည်။ နံနက်လင်းကတည်းက ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးရန် ကြိုးစားခဲ့ပြီး စာသင်နေစဉ်တွင် လည်းကောင်း၊ အိမ်သာသွားစဉ် လည်းကောင်း စသည်ဖြင့် ဘာလုပ်လုပ် ဆယ်လ်ဖီ ရိုက်ကူးခဲ့သည်။ ရိုက်ကူးပြီးသည် ဆယ်လ်ဖီများကို  ည(၁၀)နာရီတွင် စတင်တည်းဖြတ်သည်။ ထို့နောက် ပုံများကို ရွေးချယ်ပြီး အကောင်းပုံကို အင်စတာဂရမ်တွင် တင်ရှိခဲ့သည်။ အားလုံးပြီးချိန်တွင် နံနက်(၃)နာရီ ရှိနေပြီ ဖြစ်သည်။ ချာလော့တီကတော့ ယင်း၏အပြုအမူ အတွက် ကာကွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရောဂါတစ်ခုလို စွဲကပ်နေခြင်းမျိုး မရှိကြောင်း ပြောကြားခဲ့သည်။
Credit : messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...