Friday, November 10, 2017

မွေးရာပါ ခြေထောက် မရှိခဲ့ပေမယ့် ထင်ရှားတဲ့ ကစားသမားဖြစ်လာ

 
အသက်(၂၄)နှစ်အရွယ်ရှိ တက်စတီနာသည် မွေးကတည်းက ခြေထောက်မပါ ခဲ့သော်လည်း ထင်ရှားသည့် ကစားသမား ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။  အသက် လေးနှစ်အရွယ်တွင် မိသားစု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော တက်စတီနာ၏ ဘ၀သည် ခက်ခဲကြမ်းတမ်း လွန်းလှသည်။ ပြီးခဲ့သည့် နှစ် (၂၀) ကျော်က ဖြစ်ပွားခဲ့သော ချာနိုဘွိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုသည် အရှေ့ ဥရောပနိုင်ငံများကို ရိုက်ခတ်ခဲ့သည်။ ထိုအထဲတွင် တက်စတီနာလည်း ပါဝင်ခဲ့သည်။ နျူကလီးယားကြောင့် တက်စတီနာကို မွေးရာတွင် လက်လေးချောင်းသာ ပါဝင်ခဲ့ပြီး ခြေထောက်များ ပါဝင်လာခြင်း မရှိပေ။ ထို့ပြင် သားအိမ်လည်း မပါရှိသောကြောင့်  ကလေ မွေးဖွားနိုင်တော့မည် မဟုတ်ပေ။ ယင်းကဲ့သို့ အခြေအနေဆိုးများကို ရင်ဆိုင်ခဲ့ရသော မသန်စွမ်း တစ်ဦးအတွက် ဘ၀ကို ဖြတ်သန်းရာတွင် အခက်အခဲများစွာ ရှိခဲ့သော်လည်း အကောင်းဆုံး လုပ်နိုင်ခဲ့သည်။

      ခြေထောက် မရှိသောကြောင့် ဒူးဖြင့် လမ်းလျှောက်တတ်ရန် ကြိုးစားခဲ့သည်။အသက် (၆)နှစ် အရွယ်တွင် တက်စတီနာ၏ ဘ၀ပြောင်းရန် ဖြစ်ပေါ်လာသည်။ တက်စတီနာသည် ဘီလာရုစ်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်သည်။ အမေရိကန် ဆရာဝန်များက တက်စတီနာ၏ မိဘမဲ့ကျောင်းကို လာရောက်ပြီး ခြေတုလုပ်ပေးခဲ့သည်။တက်စတီနာသည် အမေရိကန်သို့ သွားရောက်ကာ နှစ်စဉ် ခြေထောက်တုအတွက် ပြုလုပ်ခဲ့ရသည်။ ထို့နောက် အမေရိကန်ရှိ မိသားစုတစ်စုက တက်စတီနာကို မွေးစားလိုက်သည်။ မသန်စွမ်းတစ်ဦး အတွက် အမေရိကန်တွင် နေထိုင်ရခြင်းသည် ပိုမိုကောင်းမွန်သည်ဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်။ တက်စတီနာသည် အမေရိကန်တွင် ဘွဲ့ရပညာတတ်ဖြစ်အောင် ပြုလုပ်ခဲ့သည်။  ထို့ နောက် အားကစားကို လေ့လာလိုက်စား ခဲ့သည်။ ခရီးတို မာရသွန်ပြေးပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းနောက် ကာယဗလမယ် တစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရာ ယခုဆိုလျှင် ပြိုင်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်နေရပြီ ဖြစ်သည်။ တက်စတီနာသည် ခက်ခဲသော ဘ၀မှ အားကစားသမား ဖြစ်လာခြင်းကြောင့် သူ၏စွမ်းဆောင်ရည်များကို လူမူကွန်ရက်တွင် ချီးကျူးခဲ့ကြသည်။
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...