
လိင်အဓမ္မပြုကျင့်ခံရသော အမျိုးသားများအား နှစ်သိမ့်ဆွေးနွေး စောင့်ရှောက် ပေးမည့် ကမ္ဘာ့ပထမဆုံး ကျန်းမာရေးစင်တာကို ဆွီဒင်နိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီ။
ဆွီဒင်သည် ဥရောပတွင် အမျိုးသားများ လိင်အဓမ္မကျင့်ခံရမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။ စတော့ဟုမ်းမြို့ရှိ ဆိုဒါဂျန်ဟူဆတ် ဆေးရုံတွင် ဖွင့်လှစ်ထားသည်။ ထိုဆေးရုံသည် လိင်အဓမ္မကျင့်ခံရသည့် အမျိုးသမီးများ အတွက် (၂၄) နာရီ ၀န်ဆောင်မှု စင်တာကိုလည်း ပြီးခဲ့သည့် နှစ်များစွာကတည်းက ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ထိုဆေးခန်းသို့ တစ်နှစ်လျှင် အမျိုးသမီး (၆၀၀)၊ (၇၀၀) ခန့် ရောက်ရှိလေ့ရှိကြောင်း သိရသည်။
ဆွီဒင် ရာဇ၀တ်မှု ကာကွယ်ရေးဌာန၏ စာရင်းအရ ပြီးခဲ့သည့်နှစ်က ဆွီဒင်တစ်ဝန်း လိင်အနိုင်ကျင့် ခံရသည့် အမျိုးသားပေါင်း (၃၇၀) နီးပါးရှိကြောင်း သိရသည်။ ထိုနှုန်းသည် မှတ်တမ်းတင် ထားနိုင်သော နှုန်းသာရှိသေးပြီး မှတ်တမ်း မတင်နိုင်ဘဲ ဖြစ်နေသော ကိစ္စများကိုပါ ပေါင်းလိုက်လျှင် တကယ်တမ်းတွင် ထို့ထက် ပိုဆိုးနိုင်ကြောင်း သိရသည်။
လိင်အဓမ္မကျင့်ခံရသော အမျိုးသားများသည် အဖြစ်ဆိုးနဲ့ တိုးပြီးလျှင် ဘယ်ကိုသွားပြီး အကူအညီ တောင်းခံရမှန်းမသိ ဖြစ်နေကြကြောင်း ဆွီဒင် လိင်ကျန်းမာရေး ပညာပေး ပရဟိတလုပ်ငန်း RFSU ကလည်း ပြောသည်။
Source: BBC
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။