Sunday, December 3, 2017

မျက်နှာမမှတ်မိသည့် ဝေဒနာ ခံစားနေရ သူများကို ဖော်ထုတ် ကူညီမည်


          ဗြိတိန်နိုင်ငံတွင် လူများကို မျက်နှာ နှင့် တွဲမမှတ်နိုင်သည့် ဝေဒနာခံစား နေရသူများကို ဖော်ထုတ်ကာ ကုသပေးဖို့ အတွက် စစ်တမ်းတစ်ရပ် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
          ပရိုဆိုပက်နိုးရှား ဟုခေါ်သည့် လူကို မျက်နှာဖြင့် မှတ်သားထားကာ မည်သူမည်ဝါမှန်း မခွဲနိုင်သည့်ဝေဒနာ ဖြစ်ပွားနေသူသည် ဗြိတိန်နိုင်ငံသား တစ်ရာတွင် နှစ်ဦးခန့် ရှိကြောင်းသိရသည်။ ဝေဒနာပြင်းထန် သူများသည် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများကိုပင် မျက်နှာမြင်လျှင် မည်သူမည်ဝါမှန်း မပြောနိုင်အောင် ဖြစ်ရတတ်ကြောင်း သိရသည်။ ဝေဒနာ ပြင်းထန် သူများကိုဖော်ထုတ်ရ လွယ်ကူ သော်လည်း သိပ်မပြင်းထန်သူ များသည်ကား ကိုယ်တိုင်ကပင်လျှင် ထိုဝေဒနာ ခံစားနေရကြောင်း သတိမထားမိဘဲ မိမိမှတ်ဉဏ်မကောင်း သောကြောင့် သာမမှတ်မိခြင်း ဖြစ်သည်ဟု ယူဆတတ်ကြသည်။ သို့ဖြစ်သောကြောင့် ကုသမှုလည်း မခံယူရဘဲ ဖြစ်နေရသည်။
ထိုသို့ လူကြားထဲတွင် ရောနေသော ဝေဒနာသည်များကို ဖော်ထုတ်နိုင်ရန် အတွက် ဗြိတိန် ပညာရှင်များသည် စစ်တမ်းမေးခွန်းများ ပြုစုထားပြီး ထိုမေးခွန်းများကို ဖြေကြားပုံကို ကြည့်ပြီး ပရိုဆိုပက်နိုးရှား ဖြစ်ပွားနေသူဟုတ် မဟုတ် သိနိုင်မည်ဟုဆိုသည်။
          ပရိုဆိုပက်နိုးရှား ဖြစ်ပွားနေသူများသည် သက်ဆိုင်ရာလူ၏ ဆံပင်ပုံ၊ အ၀တ် အစား၊ အသံနှင့် ထူးခြားအချက်အလက် များကို ကြည့်ပြီးသာ မည်သူမည်ဝါဖြစ်ကြောင်း ပြောနိုင်ကြသည်။ မျက်နှာတစ်ခုတည်း မြင်ရုံဖြင့် မည်သူမှန်း မသိကြ။
          စစ်တမ်း မေးခွန်းလွှာများကို University College London  မှ ဒေါက်တာပန်ဒစ် ရှားနှင့်အဖွဲ့က ပြုစုထားခြင်း ဖြစ်သည်။
Source: BBC
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...