Sunday, December 3, 2017

အ၀လွန်သူအဖြစ်မှ မော်ဒယ်ဘ၀ကို ရောက်ရှိလာသူ


တစ်ချိန်က ပေါင် (၄၀၀) ကျော် ရှိခဲ့သော်လည်း လက်ရှိတွင် မော်ဒယ်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်နေသူကတော့  အသက် (၃၅) နှစ်အရွယ်ရှိ မီကာဒို ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် နေထိုင်ပြီး မော်ဒယ်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ပြီးခဲ့သည့် (၄) နှစ်တွင် ကိုယ်အလေးချိန်က ပေါင် (၄၀၀) ကျော်ရှိခဲ့ပြီး လက်ရှိတွင် ပေါင် (၂၀၀) ၀န်းကျင်သာ ရှိတော့သည်။ ယခင်က လှောင်ဟြေင်မှုများနှင့် ကြုံခဲ့ရသောကြောင့် အရှက်ရခဲ့ရသော်လည်း မော်ဒယ်အဖြစ် ကူးဟြေင်းနိုင်ခြင်း အတွက် မီကာဒိုအနေဖြင့် အားရကျေနပ်နေသည်။ မီကာဒိုသည် ဖက်ရှင်ပြပွဲကို ကြည့်ရန် လက်မှတ်ဝယ်ယူစဉ် အ၀လွန်သည့် ကိုယ်ခန္ဓာကြောင့် ထိုင်ခုံနှစ်ခုံ ၀ယ်မှရမည်ဟု လှောင်ဟြေင်ခံရသောကြောင့် ငိုကြွေးခဲ့ရသည်။
      ယင်းနောက် မီကာဒိုသည် အ၀လွန်သည့် အစားအစာများကို ရှောင်ခဲ့ပြီး ၀ိတ်ချခဲ့သည်။ ယခင်က ပေါင်(၄၁၀) ရှိခဲ့ပြီး ခါးဆိုက်ဒ် က (၆၅) လက်မ ရှိခဲ့သည်။ မီကာဒိုသည် ယခင်က အ၀လွန် အလှမယ် ပြိုင်ပွဲများကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လက်ရှိတွင် ပေါင် (၂၀၀) လောက်သာ ရှိတော့ပြီး ခါးဆိုက်ဒ်ကလည်း (၄၈) လက်မသာ ရှိသည်။ ယင်းသို့ဖြစ်ရန် လွယ်ကူသည့် ခရီးလမ်းကို ဖြတ်သန်းခဲ့ရခြင်း မဟုတ်ကြောင်း ဟြေကြားခဲ့သည်။ မီကာဒိုသည် မော်ဒယ်အေဂျင်စီများနှင့် စာချုပ်ချုပ်ဆိုကာ Plus Size မော်ဒယ်အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီ ဖြစ်သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...