Saturday, January 6, 2018

မီးလောင်ခဲ့သည့် မျက်နှာကို အစားထိုးကုသမှုပြုလုပ်ခြင်း


မျက်နှာ အစားထိုးမူကုသမှုသည် တဖြည်းဖြည်း အောင်မြင်မှု ရလာခဲ့ပြီဖြစ်သည်။ ပထမဆုံး အစားထိုးကုသမှုကို ၂၀၀၅ တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် အမျိုးသမီးတစ်ဦးသည် ခွေးကိုက်ခံရမူကြောင့် ဒဏ်ရာရရှိခဲ့သည့် မျက်နှာကို ကုသမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
      အမေရိကန်တွင်တော့ ပထမဆုံး မျက်နှာအစားထိုး ကုသမှုကို  ၂၀၀၈ တွင်မှ ပြုလုပ်နိုင်ခဲ့သည်။ မျက်နှာ အစားထိုး ကုသမှုသည် အလှူရှင်ရှိမှ ပြုလုပ်နိုင်မည် ဖြစ်ပြီး ခက်ခဲသည့် ကုသနည်း ဖြစ်သောကြောင့်  ပြုလုပ်နိုင်သူ အနည်းငယ်သာ ရှိခဲ့သည်။
      အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် မျက်နှာကို မီးလောင်ကျွမ်းခဲ့မှုကြောင့် နှစ်ပေါင်းများစွာ ဆိုးရွားသည့်ပုံစံဖြင့် နေခဲ့ရသော်လည်း ပြီးခဲ့သည့် သြဂုတ်လက စတင်ခဲ့သည့် မျက်နှာ အစားထိုး ကုသမူကြောင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် အနေအထားတစ်ခုကို ရရှိလာခဲ့ကြောင်း သိရသည်။  အသက် ( ၄၁) နှစ် အရွယ်ရှိ ဟာဒီဆန်သည်  မီးသတ်သမားဟောင်း တစ်ဦးဖြစ်ပြီး  ၂၀၀၁ တွင် နေအိမ်တစ်လုံး မီးလောင်နေသည်ကို ၀င်ရောက် ငြှိမ်းသတ်ရာ မတော်တဆ ဖြစ်စဉ်ကြောင့် မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဟာဒီဆန်သည် ဆေးရုံတွင် ရက်ပေါင်းများစွာ ကုသမူခံယူခဲ့ရသည်။ ထို့ နောက် ဆေးရုံမှ ပြန်ဆင်းသည့်အခါ သားသမီးများပင် ကြောက်ရွံ့သည် ပုံစံမျိုး ဖြစ်နေသောကြောင့် စိတ်ဆင်းရဲခဲ့ရသည်။

      သို့သော်  အသက် (၂၆) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် စက်ဘီးစီးရင်း သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူကို မျက်နှာအား လှူဒါန်းရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ဟာဒီဆန်သည် ကံကောင်းခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်တွင် ခွဲစိတ်မူစတင်ခဲ့ပြီး ဆေးရုံတွင် ရက်ပေါင်း (၆၀) ကျော် နေထိုင်ခဲ့သည်။ ယင်းသို့ခွဲစိတ်မူကြောင့် ဆယ်စုနှစ်ကြာ မမြင်ခဲ့ရသော အမြင်အာရုံ ပြန်ရရှိခဲ့သည်။ ယင်းခွဲစိတ်မှုသည် ( ၅၀) ရာခိုင်နှုန်းစီသာ ရှိသေးသည့် အနေအထားဖြစ်ပြီး ခွဲစိတ်မှုများ ဆက်လက် ပြုလုပ်ရမည် ဖြစ်သည်။ အရေပြားများ မူလအတိုင်းဖြစ်ရန် အလှူရှင်များကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
      ဟာဒီဆန်၏ မျက်နှာအစားထိုး ကုသမှုသည် ဆေးပညာသမိုင်းတွင် အကြီးကျယ်ဆုံး ကုထုံးဖြစ်ခဲ့သည်။ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ အပါအ၀င် စုစုပေါင်းအင်အား ( ၁၀၀) ကျော် အသုံးပြုကာ (၂၆) နာရီကျော် ကုသခဲ့ခြင်း ဖြစ်သည်။ ဟာဒီဆန်သည် ယခုအခါ ယခင်အခြေအနေထက် ကောင်းမွန်သည့် မျက်နှာကို ရရှိသွားပြီ ဖြစ်သောကြောင့် မိသားစုနှင့်အတူ ပျော်ရွှင်ကျေနပ်နေကြောင်း သိရသည်။ သို့သော်ဟာဒီဆန်၏ မျက်နှာသည် လှူဒါန်းသူ၏ မျက်နှာပုံစံ ဖြစ်သွားခဲ့သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...