Saturday, January 6, 2018

အဆုတ်ပုံကို လူပေါင်း (၁၅၀၀) ဖြင့် ပုံဖော်ကာ ဂင်းနစ်စံချိန်တင်


       လူသားများ အသက်ရှင် နေထိုင်ရေးတွင် အဆုတ်သည် မရှိမဖြစ် အရေးပါလျက် ရှိသည်။ သို့သော်အဆုတ်၏ အရေးပါပုံကို လျစ်လျူရူထားသူ အများအပြား ရှိနေခြင်းကြောင့် မလိုလားအပ်သည့် ရောဂါဆိုးများ ရရှိနေသည်ဟု သိရသည်။ ထို့ကြောင့် အဆုတ်ကို တန်ဖိုးထားဖို့ လူံဆော်မူတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ယင်းမှာ လူပေါင်း (၁၅၀၀) ဖြင့် အဆုတ်ပုံကို ပုံဖော်ခဲ့ခြင်း ဖြစ်သည်။  အဆုတ်၏ အရေးပါပုံကို သိရှိနိုင်ရန် အဆုတ်ရောဂါနှင့် ပတ်သက်သည့် ရောဂါများ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသော နေ့တွင် လူပေါင်း ( ၁၅၀၀) ဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ဂင်းနစ်စံချိန် မှတ်တမ်းဝင်ခဲ့သည်။ ခန္ဓာကိုယ် အတွင်းရှိသော ကိုယ်တွင်း ကလီစာဖြစ်သည့် အဆုတ်ပုံကို လူအများအပြားဖြင့် ပုံဖော်သည့် စံချိန်ကို တင်ရှိခဲ့ခြင်းဖြစ်သည်။

      တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် အဆုတ်ပုံကို လူသားများဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ပုံဖော်ရာတွင် ပါဝင်သူများကို အနီနှင့် အပြာရောင်များ ၀တ်ဆင်စေခဲ့သည်။ သို့သော် အဆုတ်ကို ပိုမိုထင်သာမြင်သာရှိစေရန် အနီရောင် ၀တ်ဆင်သူ အများအပြား ပါဝင်စေခဲ့သည်။ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည့် တာဝန်ရှိသူ ဖြစ်သော Zhangu က အဆုတ်ပုံကို လူသားများဖြင့် ပုံဖော်ရာတွင် အနီရောင်ကို ပိုမိုအသုံးပြုခဲ့ကြောင်း၊ အဆုတ်၏ အရေးပါပုံကို သိရှိနိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သားများသည် ဆေးလိပ်အလွန်အကျွံ သောက်ခြင်း၊ မီးခိုးငွေ့များ ရှူနေရကြောင်း စသည်များကြောင့် အသက်(၄၀) ကျော် အရွယ်များသည် အဆုတ်နှင့် ပတ်သက်သည့် ရောဂါဖြစ်ပွားမှု (၉ ဒသမ ၉) ရာခိုင်နှုန်းကျော် ပိုလာကြောင်း သိရသည်။ သို့သော် တရုတ်နိုင်ငံတွင် ဆီးချိုနှင့် သွေးတိုးရောဂါသည်များသည် အဆုတ်နှင့် ပတ်သက်သည့် ရောဂါသည်ထက် ပိုများနေကြောင်း သိရသည်။
      အဆုတ်ရောဂါသည် ကြောက်စရာကောင်းသည့် ရောဂါဖြစ်ကြောင်း ပြသလိုသောကြောင့် လူအများအပြားဖြင့် ပါဝင်ဆင်နွှဲပြီး ပြည်သူလူထူကို ထိရောက်သည့် လှုံ့ဆော်မူ ပြုလုပ်နိုင်သည့်အပြင် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံရသောကြောင့် စီစဉ်သူများအတွက် ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...