Saturday, January 6, 2018

ပါးရိုက်ပြီးနှိုးတဲ့ နှိုးစက်


       နှိုးစက်နာရီ အမျိုးမျိုးရှိသော်လည်း ယခုနောက်ဆုံး မိတ်ဆက်ပြသလာသည့် နှိုးစက်ကတော့ စိတ်ဝင်စားစရာ ဖြစ်သည်။ နှိုးစက်ကို ထူးထူခြားခြားဖြစ်အောင် တီထွင်ထားခြင်း ဖြစ်သည်။ အိပ်ရာထဲတွင် အိပ်နေသူကို ပါးရိုက်ပြီး နှိုးခြင်းဖြစ်သည်။ တကယ်လို့ အိပ်ရာမှထခြင်း မရှိပါက ပါးအကြိမ်ကြိမ် အရိုက်ခံရမည် ဖြစ်သည်။
      အအိပ်ကြီးသူများ အနေဖြင့် နှိုးစက် ပေးထားသည့်တိုင် အိပ်ရာမှ ထလေ့မရှိသည့် ပြဿနာကို ကြုံရလေ့ရှိသည်။ ထို့ကြောင့် ပါးရိုက်နှိုးစက်သာ တပ်ဆင်ထားပါက နှိုးစက်ပေးထားသည့် အချိန်အတိုင်း ထရမည်ဟု အာမခံထားသည်။  ဘာဖြစ်လို့လဲဆိုတော့ နိုးစက်ပေးထားသည့် အချိန်တိုင်း မထပါက အကြိမ်ကြိမ် ပါးရိုက်ခြင်း ခံရမည် ဖြစ်သောကြောင့် ဖြစ်သည်။
      ပါးရိုက်နှိုးစက်ကို တီထွင်ခဲ့သူက ဆွီဒင်နိုင်ငံမှ ဆီမြွန်နီဆိုသည့် အမျိုးသမီး ဖြစ်သည်။  ပါးရိုက်နှိုးစက်ကို သင်၏ အိပ်ရာဘေးတွင် ထားရှိပါက ထူးခြားသည့် အတွေ့အကြုံကို ခံစားရမည် ဖြစ်ကြောင်း ဆီမြွန်နီက  ပြောကြားခဲ့သည်။ ဆီမြွန်နီသည် ပါးရိုက်နှိုးစက်ကို ရာဘာလက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ နှိုးစက်ကို ရာဘာလက်ဖြင့် တွဲပေးထားပြီး အိပ်နေသည့် ခေါင်းပေါ်နားတွင် ထားရှိရမည် ဖြစ်သည်။ တကယ်လို့ မိမိပေးထားသည့်အချိန်ကို ရောက်ပါက ရာဘာလက်သည် ပါးပြင်ကို လာရောက် ရိုက်နှက်မည် ဖြစ်သည်။  ထို့ကြောင့်  အိပ်ရာမှ  မဖြစ်မနေထရတော့မည် ဖြစ်သည်။
      ပါးရိုက်နှိုးစက်ကို You Tube တွင် မိတ်ဆက်ပြသရာ ၀င်ရောက် ကြည့်ရှုသည့် အကြိမ်အရေအတွက် တစ်သန်းကျော် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။  ပါးရိုက်နှိုးစက်နှင့် ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံ ပေးခဲ့ကြသည်။ လုပ်ငန်းခွင် နောက်ကျပါက ဆင်ခြေပေးလို့ မရတော့သည့် နှိုးစက်မျိုးဖြစ်ကြောင်း နောက်ပြောင်မှုများ ရှိခဲ့သည်။ ပါးရိုက်နှိုးစက်ကို ဈေးကွက်ထဲ ရောင်းချပါက ထူးခြားသည့် ပစ္စည်းဖြစ်လာနိုင်ကြောင်း ပြောဆိုမူများလည်း ရှိခဲ့သည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...