Saturday, January 6, 2018

ကယ်ဆယ်ရေးလုပ်ငန်း ၀င်ရောက်လုပ်ကိုင်ခဲ့သော ခွေးလိမ္မာ


      ခွေးများသည် လူတွေနှင့် အရင်းနှီးဆုံး သတ္တ၀ါများဖြစ်ကြသည်။ ခွေးများ၏ ဉာဏ်ရည်သည် ထင်မှတ်ထားသည်ထက် ပိုကောင်းသောကြောင့် သင်ယူနိုင်စွမ်း ရှိကြသည်။ ခွေများကို အကြမ်းဖက် တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်လည်း အသုံးပြုနေကြပြီ ဖြစ်သည်။ စနစ်တကျ သင်ကြားထားသော ခွေးများသည် မိုင်းများ၊ ဗုံးများ၊ မူးယစ်ဆေးများ စသည်များကို အနံ့ခံနိုင်စွမ်း ရှိကြသည်။ ထို့ပြင် ခွေးများကို ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်။ သဘာဝဘေး ကျရောက်သည့်အခါ လူသားများကို ကယ်တင်ရာတွင် ခွေးများကို အသုံးပြုလေ့ရှိသည်။
      တရုတ်နိုင်ငံရှိ ခွေးလိမ္မာများသည် သဘာဝဘေးကြောင့် ပျောက်ဆုံးသွားသူများကို ရှာဖွေရာတွင် ပါဝင်ဆောင်ရွက် ခဲ့သောကြောင့် ချီးကျူးခံခဲ့ရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ Zhe Jiang ဒေသတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ ( ၂၆) ဦး သေဆုံးပြီး ( ၁၁) ဦး ပျောက်ဆုံးခဲ့သည်။ ယင်းဒေသတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ် ခံရသူများကို ကယ်တင်ရန် စစ်သားများ၊ ရဲများ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့်အတူ ခွေးလိမ္မာများလည်း ပါဝင်ခဲ့သည်။ မိုးရွာသွန်းပြီးနောက် မြေပြိုကျမူများ ဖြစ်ခဲ့သောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို ခက်ခဲစွာ ဆောင်ရွက်ခဲ့ရသည်။
      ခွေးလိမ္မာလေးများသည် ရွှံ့နွံတွေအကြား သွားလာခဲ့ရသောကြောင့် ဒဏ်ရာများ ရရှိခဲ့ကြသည်။ ခွေးလိမ္မာများ၏ ကယ်ဆယ်ရေး ဆောင်ရွက်မှုကို  တရုတ်သတင်း ဌာနများက ဖော်ပြခဲ့ရာ ချီးကျူးမှုများ ပြုလုပ်ခဲ့ကြသည်။ ခွေးလိမ္မာများ ကယ်ဆယ်ရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသော ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...