Saturday, January 6, 2018

ကိုလူဆိုးများ မြာစွံရသည့် အကြောင်းအရင်းကို တွေ့ရှိ


          ကိုလူကောင်းကြီးများကို မိန်းမလှများက ခေါက်ထားပြီး ကိုလူဆိုးကြီးများနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပုံကို လူများမြင်ဖူးကြုံဖူးကြမည် ဖြစ်သည်။ လူဆိုးကြီးများ မြာစွံရပုံ အကြောင်းအရင်းကို ပညာရှင်များက သိရှိလိုသောကြောင့် လေ့လာခဲ့ရာ ယခုတော့ အကြောင်းအရင်း တချို့ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။
          ဘာစီလိုနာ ဆေးရုံကြီးမှ ပညာရှင် တစ်စုသည် စွဲလမ်းလွန်စိတ်၊ ယုံမှားလွန်စိတ် ရှိသူများ အပါအ၀င် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်သူ အမျိုးသားနှင့် အမျိုးသမီး(၁၀၀၀) ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တချို့သော  ကိုယ်ရည် ကိုယ်သွေး တချို့သည် ချစ်မှုရေးရာတွင် အောင်မြင်စေတတ်ကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။ အလေ့လာခံများ ချစ်သူ မည်မျှထားရှိခဲ့သည်၊ သားသမီး မည်မျှရရှိသည်၊ ရာထူးရာခံနှင့် ၀င်ငွေအဆင့်တို့ကို  လေ့လာကြည့်ခဲ့ကြောင်း ဆေးရုံကြီးမှ ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။

          အစွန်းရောက်တတ်သူများသည် ချစ်သူများများရ၊ သားသမီးများများ ရတတ်ကြောင်း ဂူတီရက်ဇ်က ပြောသည်။ သို့သော် ကျားမနှစ်မျိုးစလုံး ရလဒ်တူသည်တော့ မဟုတ်ပါ။ စွဲလမ်းလွန်စိတ်များသည့် အမျိုးသားများသည် အမျိုးသမီးများထက် ကာလရှည် လက်တွဲမည့် ချစ်သူကို ရှာဖွေရာတွင် ပိုမိုအောင်မြင်တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
          ချစ်သူ ပိုမိုရရှိစေသော အမူအကျင့်များမှာ ရှေးဘိုးဘေးများထံမှ အမွေဆက်ခံ ရရှိသော အမူအကျင့်များနှင့် သက်ဆိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။ အစွန်းရောက်လောက်အောင်  ရဲရင့်ခြင်းကြောင့် လူသားမျိုးနွယ်သည် ဆက်လက် တည်မြဲနေခြင်း ဖြစ်ကြောင်း သူကဆိုသည်။
          ယင်း ကိုယ်ရည် ကိုယ်သွေးသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အရ အကျိုးအမြတ် ရရှိခြင်းဖြစ်ကြောင်း လေ့လာမှု ရလဒ်များက ဖော်ပြထားသည်။ အတ္တကြီး၊ စည်းကမ်းဖောက်၊ ရန်လိုတတ်သူများကို ဆန့်ကျင်ဘက်လိင်များက  ထူးခြားသည် လွတ်လပ်မှု ရှိသည်ဟု မှတ်ယူကာ သဘောကျလေ့ ရှိကြောင်း ဂူတီရက်ဇ်က ဆိုသည်။
            ယခုတွေ့ရှိမှုကို Scientific American ဂျာနယ်တွင် ဖော်ပြထားသည်။ 
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...