နိုင်ငံခြားတိုင်းပြည်တွေမှာကတော့ ထူးထူးခြားခြားမြင်ကွင်းတွေ အမြဲတွေ့မြင်ရတတ်ပါတယ်။ ယခုလည်း နယူးဇီလန်နိုင်ငံက လမ်းမကြီးနဘေးတွင် အမျိုးသမီးဝတ်ဘရာဇီယာ အမျိုးအစားစုံ ၊ အရောင်စုံ စီတန်းချိတ်ဆွဲထားတဲ့ ခြံစည်းရိုးအကြောင်း တင်ပြပေးချင်ပါတယ်။

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း Lanakha မှ Queen Town ကိုသွားသည့် ကားလမ်းနံဘေးတစ်နေ၇ာမှာ ထိုခြံစည်းရိုး တည်ရှိနေတာပါ။ Cardrona Bra Fence ဟုအမည်ရတဲ့ ထိုနေရာလေးမှာ ဘရာဇီယာပေါင်း ရာနှင့်ချီ ချိတ်ဆွဲထားပါတယ်။ ဒီလိုချိတ်ဆွဲထားမှုဟာ ၁၉၉၈ - ၉၉ ခုနှစ်များအတွင်းမှ စတင်လာပြီး တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီခြံစည်းရိုးတန်းလေး စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းကတော့ ၁၉၉၈ ခုနှစ် Christmas ကာလနှင့် ၁၉၉၉ ခုနှစ်အကူး နှစ်သစ်ကူးကာလများအတွင်း ဘရာဇီယာ လေးခု စတင်ချိတ်ဆွဲထားတာ တွေ့ရတာပါ။ အများအထင်ကတော့ ထိုအားလပ်ရက်များတွင် ခရီးထွက်လည်ပတ်သော အမျိုးသမီးလေးဦးမှ ချိတ်ဆွဲထားခဲ့ခြင်းဟု ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုချိတ်ထားခဲ့သလည်းဆိုတာ ဘယ်သူမှ မသိကြပါဘူး။

ထိုကဲ့သို့ ဘရာဇီယာလေးခုမှ စတင်ခဲ့သော ဇာတ်လမ်းဟာ မရပ်တန့်ခဲ့ပါဘူး။ အထူးအဆန်းဆိုရင် လိုက်လုပ်တတ်တဲ့ အကျင့်အတိုင်းပဲ နောက်ပိုင်းထိုလမ်းသို့ ရောက်ရှိဖြတ်သန်းခဲ့ကြတဲ့ အမျိုးသမီးများစွာကလည်း မိမိတို့ ဘရာဇီယာများကို ထပ်မံချိတ်ဆွဲခဲ့ကြပါတယ်။

ထို့နောက်ပိုင်းတွင်တော့ ဘရာခြံစည်းရိုးတန်းလေးဟာ လူသိများကျော်ကြားလာခဲ့ပြီး ခရီးသွားများ လာရောက်တတ်တဲ့ နေရာတစ်နေရာ ဖြစ်လာခဲ့ပါတယ်။ အရောင်စုံ ၊ ပုံစံစုံ ဘရာဇီယာများစွာလည်း တတန်းကြီး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အခု ၈၀၀ ကျော်လောက်အထိ ရှနေခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုဘရာခြံစည်းရိုးတန်းကြီး ဖြစ်နေတာကို ဒေသခံတွေအကြား အမြင်မတူကြပါဘူး။ တစ်ချို့ကတော့ ဒီခြံစည်းရိုးတန်းကြောင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်တဲ့အတွက် သဘောကျကြပါတယ်။ ဒါပေမယ့် တစ်ချို့အမြင်ကတော့ ဒီလိုဘရာဇီယာတွေ စီတန်းတည်ရှိနေတာ အမြင်ရိုင်းမသင့်တော်ဘူး ထင်သလို စိတ်ကသိကအောက် ဖြစ်ကြပါတယ်။

နောက်ဆုံး ဒေသဆိုင်ရာအာဏာပိုင်များက ဒီခြံစည်းရိုးဟာ အမြင့်မသင့်တယ်ဟု ယူဆပြီး ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုမိုလူသိများကျော်ကြားလာပြီး ခရီးသွားအများအပြား လာရောက်တတ်ကြသဖြင့် ထိုနေရာလေးမှာ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းအတွက် အထောက်ကူဖြစ်စေတဲ့ နေရာတစ်နေရာ ဖြစ်နေကာ ဘရာဇီယာများကလည်း ထောင်ကျော် သောင်းကျော်အထိ များပြားလာမယ် ခန့်မှန်းထားကြပါတယ်။ ယခုအခါ ထိုဘရာဇီယာညခံစည်းရိုးတန်းလေးသည် အပျော်အပျက်လုပ်ရာ နေရာတစ်နေရာ အဖြစ်သာမက အခြားသော ကောင်းမွန်တဲ့ ရည်ရွယ်ချက်များလည်း ဖြစ်ပေါ်လာခဲ့ပါပြီ။

ဘာပဲပြောပြော စထားခဲ့တဲ့ အမျိုးသမီးတွေ အတွင်းခံ အပေါ်ပိုင်း ထားခဲ့ပြီး အောက်ပိုင်းမထားခဲ့တာပဲ တော်သေးတယ်လို့ ဆိုရပါမယ်။ အထူးအဆန်းဆိုရင် လိုက်လုပ်တတ်တဲ့ လူတွေပါလားနော်…
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။