ကျွန်တော်တို့အနေဖြင့် တွေ့မြင်နေကျအရွယ်အစား မဟုတ်တဲ့ အကောင်းသေးသေးလေးတွေကို (၁) မှ (၂၃) အထိတင်ပြပေးပါ့မယ်။ တစ်ချို့အကောင်လေးများမှာ ရှိမယ်လို့ မထင်ရလောက်အောင် အလွန်သေးငယ်တဲ့ အရွယ်အစားဖြင့် ရှိနေကြတာပါ။ ကမ္ဘာပေါ်တွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲမှ ထူးထူးကဲကဲ သေးကွေးနေကြတဲ့ အကောင်မျိုးစိတ်များကို ကြည့်လိုက်ရအောင်နော်…
(၁) Dwarf Three-Toed Jerboa
(၁) Dwarf Three-Toed Jerboa

သာမာန်ကြည့်လိုက်လျှင် ယုန်ပေါက်စလေးလိုလိုထင်စရာ ရှိတဲ့ ယခုအကောင်လေးများဟာ Dwarf Three-Toed Jerboa ဟုအမည်ရပါတယ်။ ဒီအကောင်လေးများဟာ ခန္ဓာကိုယ်နှင့်စာလျှင် ကြီးမားတဲ့ ခြေထောက်တစ်စုံနှင့်အတူ အမြီးရှည်ရှည်လည်း ရှိတတ်ကြပါတယ်။ ကမ္ဘာ့အသေးဆုံး ကိုက်ဖြတ်စားသောက်တတ်တဲ့ တိရိစ္ဆာန်လေးဖြစ်ပြီး အရွယ်အစားအားဖြင့် ၁.၇ လက်မ (4 cm) သာအရှည်ရှိပါတယ်။ အလေးချိန်ကတော့ တစ်အောင်စအောက်သာ ရှိပါတယ်။ ဒီအကောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလျှင်တော့ မပျောက်အောင်ဘဲ သေချာဂရုစိုက်ရမှာ အမှန်ပါ။
(၂) Long-Tailed Planigale

ကြွက်သေးသေးလို ပုံစံရှိတဲ့ Long-Tailed Planigale အကောင်လေးများဟာ သားငယ်ကိုမိခင်ဗိုက်တွင် အိတ်ဖြင့်သယ်ဆောင်သော သားပိုက်ကောင်ကဲ့သို့ နို့တိုက်သတ္တဝါမျိုးများတွင်ပါဝင်နေပြီး ကမ္ဘာ့အသေးဆုံးမျိုးစိတ်လည်း ဖြစ်ပါတယ်။ နှစ်လက်မခန့် (5.5 cm) သာ အရှည်ရှိတတ်ပြီး နာမည်လိုက်လိုက်အောင် အမြီးရှည်ရှည် ရှိကြပါတယ်။ သူတို့အမြီးဟာ သူတို့ခန္ဓာကိုယ်အရှည်ရဲ့ တန်းတူ (သို့) ခန္ဓာကိုယ်ထက် ပိုပြီးတောင် ရှည်ကြပါသေးတယ်။ ဒီအကောင်လေးများကို သြစတြေးလျ မြောက်ဘက်စွန်း မြက်ခင်းလွင်ပြင်ဒေသတွေမှာ တွေ့မြင်နိုင်ပါတယ်။

မိချောင်းဆိုသည်နှင့် အကောင်ကြီးကြီးဖြင့် ကြောက်စရာရေသတ္တ၀ါလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အမေရိကန်တောင်ပိုင်း ရေပြင်တွေမှာ နေကြတဲ့ ဒီမိချောင်းလေးတွေကတော့ အရွယ်ရောက်ချိန်မှာတောင် ပေ၀က်ကနေ အများဆုံး လေးပေနီးပါး (1 meter) နီးပါးသာ အရွယ်ရှိကြပါတယ်။
(၄) Bee Hummingbird

ပျားငှက်ပုတုန်းလေးတွေကတော့ ကမ္ဘာ့အသေးဆုံး ငှက်အဖြစ် လူသိများကြပါတယ်။ ဒီငှက်ကလေးများဟာ ကျူးဘားကျွန်းပေါ်တွင် နေထိုင်ကျက်စားတတ်ကြပါတယ်။ ခန္ဓာကိုယ်မှာ သေးကွေးလွန်းလှသဖြင့် တစ်အောင်စရဲ့ ၁၅ ပုံ ၁ ပုံသာ အလေးချိန်ရှိပါတယ်။ ထိုငှက်ကလေးများရဲ့ဥဟာ ကော်ဖီစေ့ထက်ပင် သေးငယ်တတ်ကြပြီး သူတို့အသိုက်မှာလည်း အလွန်းသေးပါသည်။
(၅) Paedocypris Fish

ကျောရိုးဆစ်ရှိသော သတ္တ၀ါများတွင် အသေးဆုံးအဖြစ် သတ်မှတ်ထားကြတဲ့ Paedocypris Fish လေးများ ဖြစ်ပါတယ်။ ဒီငါးသေးသေးလေးများဟာ ခေါင်းကနေ အမြီးအထိ 7.9 mm ခန့်သာအရှည်ရှိပါတယ်။ ဒီငါးလေးများရဲ့ စိတ်ဝင်စားဖွယ် အခြားအချက်အလက်တစ်ခုမှာ အက်ဆစ်ဓာတ်ပြင်းသော ရေထဲတွင် နေထိုင်အသက်ရှင်နိုင်ခြင်း ဖြစ်ပါတယ်။
(၆) Smallest Snake

Barbados ကျွန်းပေါ်တွင် တွေ့ရှိခဲ့တဲ့ ဒီမြွေလေးများကို ကမ္ဘာ့အသေးဆုံး မြွေမျိုးဟုလည်း သတ်မှတ်ခဲ့ကြပါတယ်။ ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိခဲ့သော မြွေအမျိုးပေါင်း ၃၁၀၀ ကျော်အထိ ရှိခဲ့ပြီး ဒီမြွေလေးတွေကတော့ အသေးဆုံးဖြစ်ပါတယ်။ ၄ လက်မခန့်သာ (10 cm) အရှည်ရှိကြပြီး ရှားပါးလှသည့် thread မြွေမျိုးနွယ်ဝင် အကောင်လေးများ ဖြစ်ပါတယ်။
(၇) Vaquita

Vaquita အကောင်လေးများဟာ ကမ္ဘာ့အသေးဆုံး ပင်လယ်နေ နို့တိုက်သတ္တ၀ါများ ဖြစ်ပါတယ်။ အရွယ်အားအားဖြင့် ၅ ပေခန့်သာ ရှိတတ်ကြပြီး ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်ဖို့ ရင်ဆိုင်နေကြရပါတယ်။ တစ်ကမ္ဘာလုံးမှာ အကောင်ရေ ၃၀ ခန့်သာ ကျန်ရှိတော့ပါတယ်။ ယခုအခါမှာ ထိုအကောင်လေးများကို စောင့်ကြည့်ထိန်းသိမ်းမှုများ ပြုလုပ်ထားရပါတယ်။
(၈) Samoan Moss Spider

ကျွန်ုပ်တို့တွေ့ဖူးတဲ့ ပင့်ကူအများစုဟာ အရွယ်အစား သေးငယ်ကြပါတယ်။ ဒါပေမယ့် Samoan Moss ပင့်ကူလေးတွေကတော့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင် အသေးဆုံးပင့်ကူမျိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ထိုပင့်ကူလေးများဟာ ၀.၃ မီလီမီတာသာ ရှိကြပါတယ်။
(၉) Smallest Salamander

အသေးဆုံး ကင်းလိပ်လျောမျိုးအဖြစ် Thorius Arboreus များကို သတ်မှတ်ကြပါတယ်။ ထိုကင်းလိပ်လျောလေးများဟာ ၁၇ မီလီမီတာသာ အရှည်ရှိကြပြီး သေးသွယ်သော ခန္ဓာကိုယ်နှင့် ခေါင်းကြီးကြီးပုံစံ ရှိကြပါတယ်။ မက္ကဆီကိုနိုင်ငံတွင် ရှိကြပါတယ်။
(၁၀) Pygmy Mouse Lemur

Madagascar မှာတွေ့ရတဲ့ Pygmy Mouse Lemur အကောင်လေးများ ဖြစ်ပါတယ်။ ၂ အောင်စ ၀န်းကျင်သာ အလေးချိန်ရှိပြီး ခေါင်းကနေ ခန္ဓာကိုယ်အထိ ၂ လက်မ (5 cm) လောက်သာ အရွယ်ရှိကြပါတယ်။ သူတို့ရဲ့အမြီးကတော့ ခန္ဓာကိုယ်အရှည်ထက် ၂ ဆလောက်ပိုရှည်ကြပါတယ်။
(၁၁) Paedophryne Amauensis Frog

ယင်ကောင်လောက်သာ အရွယ်အစားရှိတဲ့ ဖားသေးသေးလေး မျိုးစိတ် ဖြစ်ပါတယ်။ Paedophryne Amauensis အမည်ရ ဖားလေးများဟာ ကျောရိုးရှိတိရိစ္ဆာန်များတွင် အသေးဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ပျမ်းမျှအားဖြင့် ၇.၇ မီလီမီတာလောက်သာ အရွယ်ရှိပါတယ်။
(၁၂) Speckled Padloper Tortoise

Speckled Padloper လိပ်လေးများသည် ကမ္ဘာ့အသေးဆုံး လိပ်မျိုးအဖြစ် သတ်မှတ်ထားကြပါသည်။ အထီးများကတော ၃ လက်မ (7 cm) လောက်သာ အရွယ်ရှိကြပြီ့း  အမများကတော့ ၄ လက်မ (10 cm) ရှိကြပါတယ်။ ဒီလိပ်သေးသေးလေးများကို တောင်အာဖရိကတွင် တွေ့မြင်နိုင်ပါတယ်။
(၁၃) Smallest Seahorse

သတ္တဗေဒပညာရှင်များသည် အသေးဆုံးသော ရေနဂါးလေးများကို ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်စွန်း အပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Hippocampus ဟုအမည်ပေးထားတဲ့ ထိုအကောင်လေးများဟာ ၀.၆ လက်မလောက်သာ အရှည်ရှိကြပါတယ်။
(၁၄) Bumblebee Bat

ပိတုန်းလင်းနို့ဟု ခေါ်ကြတဲ့ ဒီလင်းနို့လေးတွေဟာ ကမ္ဘာ့အသေးဆုံး လင်းနို့မျိုး ဖြစ်သလို ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တ၀ါလည်း ဖြစ်ါတယ်။ ပျမ်းမျှအားဖြင့် ၁.၂ လက်မ (33 mm) သာအရှည်ရှိကြပြီး ၂ ဂရမ်သာ အလေးချိန်ရှိပါတယ်။
(၁၅) Royal Antelope

သမင်နှင့်ဆင်၍ အပြေးမြန်သော တောဆိတ်မျိုးဖြစ်တဲ့ Royal Antelope လေးတွေဟာ Ghana နှင့် Sierra Leone မိုးသစ်တောတွေထဲမှာ နေထိုင်ကျက်စားကြပါတယ်။ အသေးဆုံး တောဆိတ်မျိုးလည်း ဖြစ်ပါတယ်။ ၁၀ လက်မ (25 cm) ခန့်သာ အရှည်ရှိကြပြီး ၅.၅ ပေါင် (2.5 kg) အလေးချိန်ရှိကြပါတယ်။ ရှားပါးတိရိစ္ဆာန်လေးများ ဖြစ်ပါတယ်။
(၁၆) Etruscan Shrew

နို့တိုက်သတ္တ၀ါမျိုးစုထဲ ပါဝင်တဲ့ ဒီအကောင်လေးတွေကလည်း ၁.၅ လက်မ (4 cm) လောက်သာ အရွယ်ရှိကြပြီး ၂ ဂရမ်အောက်သာ အလေးချိန် ရှိကြပါတယ်။ ဒီအကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ် အလေးချိန်ရဲ့ နှစ်ဆလောက် အစားအစာကို နေ့စဉ်စားသုံးတတ်ကြပါတယ်။
(၁၇) Dwarf Lantern Shark

ငါးမန်းဆိုလျှင် အကောင်ကြီးကြီး ကြောက်စရာလို့ ထင်မှတ်တတ်ကြပေမယ့် ယခု Dwarf Lantern ငါးမန်းမျိုးများကတော့ အရွယ်ရောက်ချိန်မှာတောင် လူရဲ့လက်ပေါ်မှာ ကိုင်ထားနိုင်ယုံသာ ကြီးမားကြပါတယ်။ ဒီငါးမန်းမျိုးများဟာ ရှားပါးမျိုးစိတ်ဖြစ်ပြီး တွေ့မြင်ရဖို့လည်း မလွယ်ပါဘူး။ တောင်အမေရိကတိုက် အနီးရှိ သမုဒ္ဒရာရေပြင်အောက် ၁၄၄၀ ပေ (439 m) အနက်တွင် နေထိုင် ကျက်စားကြပါတယ်။
(၁၈) Smallest Lizard

သိပ္ပံပညာရှင်များသည် Dominican Republica တွင် အသေးဆုံးအိမ်မြောင်မျိုးစိတ်ကို တွေ့ရှိခဲ့ကြတာပါ။ ဒီမျိုးစိတ်ကို Sphaerodactylus ariasae ဟုအမည်ပေးထားပြီး တစ်လက်မအောက်သာ အရွယ်အစား ရှိကြပါတယ်။
(၁၉) Brookesia Micra Chameleon

Madagascar ကျွန်းမှာ တွေ့ရှိခဲ့တဲ့ Brookesia Micra ပုတ်သင်ညိုလေးတွေဟာ ရှာဖွေတွေ့ရှိပြီးသမျှ ပုတ်သင်ညိုမျိုးနွယ်များတွင် အသေးဆုံးဟု သတ်မှတ်ထားကြပါတယ်။ ဘယ်လောက်သေးလည်းဆိုတာ ပုံမှာတွေ့ရသလို မီးခြစ်ဆံခေါင်းကလေးပေါ်တွင်ပင် တင်ထားနိုင်လောက်အောင် သေးငယ်လှပါတယ်။
(၂၀) Pygmy Marmoset

တောင်အမေရိကဇာတိ ရှဥ့်နှင့်ရသည့် မျောက်ငယ်မျိုးများဖြစ်တဲ့ Pygmy Marmoset မျောက်လေးတွေဟာ ကမ္ဘာ့အသေးဆုံး မျောက်မျိုးစိတ်ဖြစ်သလို ပရိုင်းမိတ်ကမ္ဘာတွင်လည်း အသေးဆုံးဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၃ - ၅ အောင်စတွင်းသာ ရှိကြပြီး အရှည်အားဖြင့် ၆ လက်မ (15.24 cm) သာအများဆုံး ရှိကြပါတယ်။
(၂၁) Pygmy Rabbit

ပစ်ဂမီယုန်လေးများဟာ ကမ္ဘာ့အသေးဆုံး နှင့် အရှားပါးဆုံး ယုန်မျိုးစိတ် ဖြစ်ပါတယ်။ အရွယ်အစားကတော့ ၉ - ၁၁ လက်မ (22.8 to 27.9 cm) သာရှိကြပါတယ်။ အလေးချိန်ကတော့ တစ်ပေါင်အောက်သာ လေးပါတယ်။
(၂၂) Chihuahua

မက္ကဆီကိုဇာတိ အမွေးချော ခွေးကလေးတစ်မျိုးဖြစ်တဲ့ Chihuahua ခွေးကလေးဟာ ကမ္ဘာ့အသေးဆုံး ခွေးဖြစ်ပြီး ၃.၈ လက်မ (9.6 cm) သာအရွယ်ရှိပါတယ်။
(၂၃) Pudu
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။