Saturday, August 25, 2018

ကမ္ဘာ့အလေးဆုံး ပန်းဂေါ်ဖီကြီး


အလေးချိန်အားဖြင့် ပေါင် ၆၀ နှင့် ၉.၃ အောင်စ (27.48 kg) အထိရှိသည့် ပန်းဂေါ်ဖီကြီးကို ကမ္ဘာ့အလေးဆုံး ပန်းဂေါ်ဖီကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ ထိုပန်းဂေါ်ဖီကြီးကို ဗြိတိန်နိုင်ငံ ၊ Notinghamshire တွင်နေထိုင်သော Peter Glazebrook မှစိုက်ပျိုးမှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အကျယ်အားဖြင့် ၆ ပေ ရှိပါသည်။Peter Glazebrook သည် ထူးချွန်သော စိုက်ပျိုးသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း ကမ္ဘာ့အလေးဆုံး မုန်လာဥနီ ၊ အရှည်ဆုံး သကြားမုန်လာ ၊ အရှည်ဆုံး မုန်လာဥဝါ ၊ အရှည်ဆုံး မုန်လာဥဖြူ နှင့် အရှည်ဆုံး သခွားသီး စသည်ဖြင့် စံချိန်မှတ်တမ်းပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါသည်။သူသည် စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပြီး နောက်ထပ် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စံချိန်မှတ်တမ်းကောင်းများကို ရယူရန် ကြိုးပမ်းနေမြဲပင် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...