Thursday, September 20, 2018

ဘရာဇီး မိုးသစ်တောထဲမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့တဲ့ လူရိုင်းမျိုးနွယ်ဝင်


ဘရာဇီးနိုင်ငံ မိုးသစ်တောထဲမှာ နေထိုင်ပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုမရှိသေးတဲ့ အမေဇုန် လူရိုင်းမျိုးနွယ်ဝင်ထဲက တစ်ဦးတည်း ကျန်ရစ်တဲ့ လူရိုင်းတစ်ယောက်ကို ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လူရိုင်းမျိုးနွယ်တွေ နေထိုင်တဲ့နေရာကို နယ်မြေချဲ့ထွင်မှုလုပ်လာသူတွေက လူရိုင်းတွေကို တိုက်ခိုက်ကြတဲ့အတွက် လွန်ခဲ့တဲ့ ၂၂ နှစ်လောက်ကတည်းက အဲဒီလူရိုင်းမျိုးနွယ်မှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီး အစိုးရဝန်ထမ်းတွေက ယုံကြည်နေပါတယ်။

၁၉၉၅ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လယ်သမားတွေရဲ့ တိုက်ခိုက်မှုအပြီးမှာတော့ နဂိုကတည်းက ၆ ယောက်လောက်ပဲရှိတဲ့ လူရိုင်းမျိုးနွယ်စုမှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီးနိုင်ငံ အမျိုးသားအင်းဒီးယန်းဖောင်ဒေးရှင်းက ပြောပါတယ်။ ကင်မရာမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ လူရိုင်းဟာ လန်ကွတ်တီ ဝတ်ထားပြီး ဆံပင်တော်တော်ရှည်နေတာ တွေ့ရပါတယ်။ သူက သစ်ပင်ကို ခုတ်လဲနေတဲ့ပုံစံရှိပါတယ်။
yoyarlay

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...