
ပင်လယ်ဆားငံရေဟာ ဆားဓါတ်သိပ်သည်းစွာ ပါဝင်တဲ့အတွက် သင့်ကိုရေပိုဆာစေပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်လေးတွေထဲမှာ ရေဓါတ်နဲ့ ဆားဓါတ်ပါဝင်ပါတယ်။ ဆဲလ်ပေါ်ယံလွှာလေးဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆားဓါတ်၊ ရေဓါတ်ကို ထိန်းသိမ်းပေးဖို့ ဆဲလ်တွင်းရှိ ရေဓါတ်နဲ့ ဆားဓါတ်ကို လိုသလို စစ်ထုတ်ပေးပါတယ်။ သင်က ပင်လယ်ရေကို သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်လွန်ကဲမှုဖြစ်သွားပါတယ်။ အဲဒီအခါမှာ သိပ်သည်းလာတဲ့ ဆားဓါတ်ကိုပြန်ဖြေဖို့ အတွက် ဆဲလ်လေးထဲမှာရှိတဲ့ ရေဓါတ်ကို အပေါ်လွှာကစစ်ထုတ်ပေးလိုက်ပါတယ်။
အဲဒါကြောင့် ပင်လယ်ရေသောက်ရင် ရေဆာမပြေတဲ့အပြင် ရေဓါတ်ပိုပြီး မြန်မြန်ခမ်းခြောက်သွားစေပါတယ်။ ထို့နည်းတူဘဲ ရေအလွန်အကျွံသောက်ရင်လည်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆားဓါတ်တွေက ရေကြောင့် သိပ်သည်းဆနည်းသွားပါတယ်။ သိပ်သည်းဆနည်းသွားတဲ့ ဆားဓါတ်ကို ဖြည့်တင်းဖို့ ဆဲလ်လေးတွေက သူတို့မှာရှိတဲ့ ဆားဓါတ်ကို စစ်ထုတ်ပေးပါတယ်။
အဲဒီအခါမှာ water intoxication ဖြစ်ပြီး သေစေနိုင်တဲ့အထိလူကို အန္တရာယ်ပေးနိုင်ပါတယ်။
Credit:Lucky Trip Tour Agent
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။